Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသုံးစရိတ် ကျပ်ဘီလီယံ ၃၂၀၀ ကျော် ကာကွယ်ရေးဝန်ကြီးဌာန တောင်းခံ

$
0
0

တပ်မတော်နေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ် / Photo: RFA
ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စစ်ဆင်ရေး အသုံးစရိတ် ၅ ဘီလီယံ ကျော်အပါအ၀င် အသုံးစရိတ် ကျပ်ဘီလီယံ ၃၂၀၀ ကျော်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းခွဲ နီးပါး တောင်းခံထားတဲ့အပေါ် ၀န်ကြီးဌာန ၁၈ ခုက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီ အသုံးစရိတ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၂၀၀ ကျော်နဲ့ တတိယအများဆုံး တောင်းခံထားတဲ့ဌာန ဖြစ်ပါတယ်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ဘီလီယံ ၂၉၀၀ ကျော် ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဘီလီယံ ၃၁၀၀ ကျော် တောင်းခံခဲ့ပြီး ဒီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ဘီလီယံ ၂၀၀ ကျော် ပိုမို တောင်းခံထားတာဖြစ်ပါတယ်။ အဲဒီလိုတောင်းခံရာမှာ စစ်ဆင်ရေး အသုံးစားရိတ်အတွက် ၅ ဘီလီယံကျော် အသုံးပြုဖို့ တင်ပြခဲ့တာပါ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တောင်းခံထားတဲ့ ကျပ်ဘီလီယံ ၂ သောင်းခွဲနီးပါးထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးတို့အတွက် ဦးစားပေးလျာထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း က ဇူလိုင် ၂၃ရက်နေ့က လွှတ်တော်ထံ တင်ပြစဉ်မှာ ပြောကြားခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီှးဌာနက ကျပ်ဘီလီယံ ၅၇၀၀ ကျော်နဲ့ အများဆုံး တောင်းခံထားတာဖြစ်ပါတယ်။ ဒုတိယ အများဆုံးကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ကျပ်ဘီလီယံ ၅၅၀၀ ကျော် တောင်းထားတာဖြစ်ပါတယ်။

အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ ၂၅၀၀၀ ခန့် တောင်းခံထားတာဖြစ်ပေမယ့် စုစုပေါင်းရငွေ ကျပ်ဘီလီယံ နှစ်သောင်း ကျော်သာရှိတာကြောင့် လိုငွေ ကျပ်ဘီလီယံ ငါးထောင်နီးပါး ရှိနေပါတယ်။

လိုငွေ ကျပ်ဘီလီယံ ၅၀၀၀ နီးပါးကို ပြည်တွင်း ပြည်ပချေးငွေနဲ့ ဗဟိုဘဏ်က ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ကျန်တဲ့ ၀န်ကြီးဌာနတွေက ထပ်မံ တင်ပြမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>