Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိမ်ပိုင်ဆိုင်မှု မရှိဘဲ ဘဏ်အကောင့် တစ်ခုသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

$
0
0
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှာ အိမ်ပိုင်ဆိုင်မှု မရှိဘဲ ဘဏ်အကောင့် တစ်ခုသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရသီရိ မြို့နယ် အတွင်းရှိ တောင်ညို ကျေးရွာတွင် ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်နေစဉ် အတွင်း ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခု ရန်ကုန်မှာနေတဲ့ အိမ်ကော၊ နေပြည်တော်မှာ ရှိတဲ့ အိမ်ကော ကျွန်မ မပိုင်ပါဘူး။ စားရေးသောက်ရေး ၀တ်ရေးကတော့ အဆင်ပြေပါတယ်''ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင်လည်း အဖွဲ့ချုပ်ရှိ ကိုယ်စားလှယ်လောင်းများမှာ ပိုင်ဆိုင်မှုများကို တင်ပြရမည် ဖြစ်ပြီး မိမိကိုယ်တိုင်သည်လည်း ကိုယ်စားလှယ်လောင်း လုပ်မည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုများကို အဖွဲ့ချုပ်ထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

''ကျွန်မ ကိုယ်ပိုင်ပစ္စည်း သိပ်ရှိတာ မဟုတ်ဘူး။ ကျွန်မ အစစ်ဆေးခံ ၀ံ့တယ်။ မစစ်ဆေးခံ ၀ံ့တယ် ဆိုတာ မခံလို့လည်း မရဘူး။ ကျွန်မက ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်တာ ဆိုတော့ တခြားသူတွေနဲ့ နည်းတူ ကျွန်မပိုင်ဆိုင်မှုတွေ တင်ပြရပါတယ်။

အဲဒီတော့ ကျွန်မအိမ်လည်း မပိုင်ပါဘူး။ ကားတော့ ပိုင်ပါတယ်။ ကျွန်မ ဘဏ်အကောင့် တစ်ခု ရှိပါတယ်။ အဲဒါတွေ အားလုံး တင်ပြပေးထားပါပြီ။ ကျွန်မကို အချိန်မရွေး စစ်ဆေးလို့ ရပါတယ်''ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်၊ ယခင် အရွေးချယ် ခံခဲ့ရသည့် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်တွင်သာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက အရွေးချယ် ခံသွားမည် ဖြစ်သည်။
messenger news journal

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မင်းကုန်းကျေးရွာဟောပြောပွဲ(၃၀ သြဂုတ် ၂၀၁၅) https://www.youtube.com/watch?v=9ZftMtVeK6k&list=PLzl2CAwehuoymtZt17SYk_Jig2uuPVK-M&index=143

Posted by The Melting Pot 4 U on Sunday, 30 August 2015

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>