Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိကြောင်း Kanye West ပြောကြား

$
0
0



ye wint

တနင်္ဂနွေနေ့ ကပြုလုပ်ခဲ့တဲ့ VMAs ဆုပေးပွဲမှာ Kanye West ဟာ Video Vanguard Award ကို ရရှိခဲ့ပြီးနောက်မှာ ရှည်လျားထွေပြားတဲ့ ကျေးဇူးတင်စကားကို ပြောကြားခဲ့ပါတယ်။ အနုပညာရှင်တွေ၊ ၈၀-၉၀ ခုနှစ်ဖွားတွေနဲ့ တခြားထွေရာလေးပါးအကြောင်းအရာတွေကို ပြောကြားပြီးနောက်မှာ Kanye West ဟာ ၂၀၂၀ ခုနှစ်မှာ သမ္မတနေရာအတွက် ၀င်ရောက်အရွေးခံဖို့ ဆုံးဖြတ်ပြီးဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

“ ၂၀၂၀ မှာ သမ္မတရာထူးအတွက် ၀င်ပြိုင်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ” လို့ Kanye က ပြောကြားခဲ့တာပါ။ Kanye က ဆုပေးပွဲ အစီအစဉ်တွေမှာ လူတွေကို အနှောင့်အယှက်ပေး သလိုဖြစ်နေတဲ့ သူ့ ရဲ့အမူအကျင့်တွေ အတွက် တောင်းပန်သလို သဘောရတဲ့စကားမျိုးကို ထည့်ပြောခဲ့ပြီး ၂၀၀၉ခုနှစ် VMAs ဆုပေးပွဲမှာ Taylor Swift ကို ပထမဆုံးစတွေ့ ဖူးတဲ့အချိန်ကို အမှတ်ရနေသေးကြောင်း ၀န်ခံခဲ့ပါတယ်။

၂၀၀၉ ခုနှစ် VMAs ဆုပေးပွဲမှာ Kanye ဟာ ဆုလက်ခံရရှိကြောင်း စကားပြောနေတဲ့ Taylor Swift ရဲ့ လက်ထဲက မိုက်ကိုလုပြီး အဆိုပါဆုကို Beyonce သာ ရသင့်ကြောင်း စင်ပေါ်တက်ပြောခဲ့ဖူးပါတယ်။၂၀၁၅ Video Vanguard Award ဆုကို Taylor Swift က ချီးမြှင့်ပေးခဲ့ပြီးနောက် Kanye West က ဒီ ဆုပေးပွဲအစီအစဉ်တွေကို အခုထိ သူနားမလည်မိကြောင်းနဲ့ သူယုံကြည်မြတ်နိုးတဲ့အနုပညာအတွက် သူ အသက်စွန့် မှာဖြစ်ပြီး အနုပညာဆိုတာ အမြဲတမ်း သိမ်မွေ့ နူးညံ့မှုရှိမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: cosmopolitan
http://www.trend.com.mm/2015/08/31/news-7538

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>