Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဗြိတိန်အစိုးရ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက လူနာတွေကို အပန်းဖြေခရီး၊ ဂိမ်းစက်၊ နွေရာသီအပန်းဖြေအိမ်နဲ့ အပျော်စီးလှေခရီးတွေ ၀ယ်ပေးလျက်ရှိ

$
0
0



ဗြိတိန် အမျိုးသားကျန်းမာရေးဌာန (NHS) ရဲ့ ရန်ပုံငွေ စတာလင်ပေါင် ထောင်ပေါင်များစွာကို လူနာတွေရဲ့ ကုသမှုတွေအတွက် သုံးစွဲလျက်ရှိပြီး အဆိုပါ ကုသမှုတွေမှာ မိသားစုလိုက် အပန်းဖြေခရီး၊ နွေရာသီ အပန်းဖြေအိမ်နဲ့ အပျော်စီးလှေစီးနင်းမှု အစီအစဉ်တွေပါ ပါဝင်ပါတယ်။
ဒီအစီအစဉ်ဟာ ‘ကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံ’ ဆိုပြီး နာမည်ကျော်နေတဲ့ NHS ရဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို ပြန်လည်မွမ်းမံမှုပြုလုပ်နေတဲ့ ဗြိတိန်အစိုးရရဲ့ ‘တစ်ကိုယ်ရည်ကျန်းမာရေးဘတ်ဂျက်’ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
အဆိုပါပရောဂျက်ရဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုအစီအစဉ်ကနေ လူနာတွေကို Wii ဂိမ်းစက်၊ တက်ဘလက် ကွန်ပြူတာ၊ iRobot အလိုအလျောက် ဖုန်စုပ်စက် တွေပါ ၀ယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချို့ လူနာတွေကို ဆီမွှေးနဲ့ လိမ်းသပ်နှိပ်နယ်မှု ၊ အိန္ဒိယစတိုင် ဦးခေါင်းအနှိပ်ခံမှုတွေ ခံယူဖို့ ငွေတွေပေးခဲ့တယ်လို့ ဆိုပါတယ်။ Cornwall မြို့ က လူနာတစ်ယောက်ကိုတော့ ခြေနင်း အပျော်စီး လှေစီးဖို့ အတွက် ၇.၃၄ ပေါင် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီ့အပြင် Northamptonshire က မီသားစုတစ်စုဟာ NHS ရဲ့ အခွန်ဆောင်သူရန်ပုံငွေနဲ့ အပန်းဖြေခရီး တစ်ခု ထွက်ခဲ့ရပြီး ဒီအစီအစဉ်ဟာ လူနာအနေနဲ့  မိသားစုနဲ့ ဆက်ဆံရေးပြန်လည် တည်ဆောက်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ NHS ဟာ Northamptonshire က လူနာတစ်ယောက်ကိုလည်း နွေရာသီအပန်းဖြေအိမ်တစ်အိမ် ၀ယ်ယူပေးခဲ့ကြောင်း သိရပါတယ်။
Pulse မဂ္ဂဇင်းက သတင်းအချက်အလက် လွတ်လပ်စွာထုတ်ပြန်ပေးမှုဥပဒေ ကို အသုံးပြုကာ NHS ရဲ့ အချက်အလက်တွေကို ရယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ အချက်အလက်တွေအရ NHS ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကော်မရှင် အဖွဲ့ တွေဟာ ယခုဘဏ္ဍာရေးနှစ်မှာ လူနာပေါင်း ၄၈၀၀ အတွက်ပေါင် ၁၂၃ သန်းလောက် သုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် NHS ရဲ့ ကျန်းမာရေးအစီအစဉ်အသစ်ကို လူအများအပြားက ဝေဖန်လျက်ရှိပြီး တကယ် ဝေဒနာခံစားနေရတဲ့လူတွေဟာ အထွေထွေရောဂါကုဆရာဝန်တစ်ယောက်နဲ့ တွေ့ ဖို့ စောင့်ဆိုင်းနေရ ချိန်မှာ ခြေနင်းလှေတွေ၊ အပျော်ခရီးတွေနဲ့ ဂိမ်းစက်တွေကို NHS ရန်ပုံငွေထဲက ထုတ်သုံးနေမှုက သင့်တော်ရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ်။
Ref: Dailymail 
http://www.trend.com.mm/2015/09/01/news-7545

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>