Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆိုမာလီတောင်ပိုင်းရှိ အေယူစစ်စခန်းကို အယ်လ်ရှာဘတ် စစ်သွေးကြွများတိုက်ခိုက်

$
0
0

 မိုဂါဒစ်ရှူး စက်တင်ဘာ ၁

 ဆိုမာလီနိုင်ငံတောင်ပိုင်းရှိ အာဖရိကသမဂ္ဂ(အေယူ)တပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုကို အယ်လ်ရှာဘတ်စစ်သွေးကြွများက စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ရာ အာဖရိက သမဂ္ဂတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဦးရေ ဒါဇင်နှင့်ချီကာ ကျဆုံးသွားကြောင်း အဆိုပါစစ်သွေးကြွအဖွဲ့က ပြောကြားသည်။

အယ်လ်ခိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်မှုရှိသော အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့မှ တိုက်ခိုက်ရေးသမားများသည် အာဖရိကသမဂ္ဂတပ်ဖွဲ့၏ အခြေစိုက်စခန်းအတွင်းသို့ ဗုံးများထောင်ထားသည့် ကားတစ်စီးဖြင့် အတင်းမောင်းဝင်ခဲ့ပြီး ဖောက်ခွဲခဲ့ကြောင်း၊ အေယူတပ်ဖွဲ့အခြေစိုက် စခန်းအတွင်းသို့ သေနတ်သမားများဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ယင်း အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်အဘူမူဆတ်က ပြောကြားသည်။

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်၏တောင်ဘက် ကီလိုမီတာ ၉ဝ (၅၅ မိုင်)ခန့်အကွာရှိ ဂျာနာလီအခြေစိုက်စစ်စခန်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အာဖရိကသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅ဝ ခန့် သေဆုံးကြောင်း အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ ဂျာနာလီ စစ်စခန်းကို မိမိတို့က ထိန်းချုပ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>