Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နေပြည်တော် ကာရာအိုကေဆိုင်တွေ ည ၁၁ နာရီပိတ်ဖို့ ညွှန်ကြား

$
0
0
 နေပြည်တော်မှ ကြိုဆိုသည် ဆိုင်းဘုတ်ကို တွေ့ရစဉ် ။ Photo: commons.wikimedia.org
 လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေးဆောင်ရွက်မှာဖြစ်တဲ့ အတွက် နေပြည်တော် မြို့နယ် ၈ မြို့နယ်က ကာရာအိုကေဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ည ၁၁ နာရီမှာ ပိတ်သိမ်းဖို့ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းချွန်က ဆိုင်ပိုင်ရှင်တွေကို ဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး သတိပေးလိုက်ပါတယ်။ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းချွန်က ကာရာအိုကေနဲ့ စားသောက်ဆိုင် ပိုင်ရှင် ၅၀ကျော်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ဒီနေ့ ခေါ်ယူတွေ့ဆုံပြီး အခုလိုသတိပေးတာဖြစ်ပါတယ်။

"ရွေးကောက်ပွဲနီးလာတဲ့အခါမှာ လက်ရှိဆိုရင် ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေး၊ ၈ ရက်နေ့ကစပြီးတော့ မဲဆွယ်စည်းရုံးစဉ် လုံခြုံရေးကာလဖြစ်လာတယ်၊ ဒီကာလတွေမှာလည်း လုံခြုံရေးအရ KTV ကို ည ၁၁ နာရီမှာပိတ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်"

အလှပြင်ဆိုင်အမည်ခံပြီး ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတွေကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ ဒုတိယ ရဲမှူးကြီး ၀င်းချွန်က ပြောပါတယ်။ နေပြည်တော် ဒက္ခိဏသီရိခရိုင်မှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်ရှိပြီး လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းအားကစားပွဲတော်ကာလနဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ အိုဘားမား နေပြည်တော်ရောက်ရှိစဉ်က ကာရာအိုကေဆိုင်တွေကို ဖွင့်ခွင့်မပေးပဲ ရက်အတန်ကြာ ပိတ်ပင်ခဲ့ဖူးပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>