Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘုရင့်နောင်တာဝါ (၂) တွင် မီးလောင်မှုဖြစ်ပွား

$
0
0

 ရန်ကုန် စက်တင်ဘာ ၂

 စက်တင်ဘာ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ကမာရွတ်မြို့နယ် အမှတ် (၄)ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်တာဝါ (၂) ဒုတိယထပ် အခန်း ၂ဝ၂ ၌ မီးလောင်မှုဖြစ်ခဲ့သည်။
လောင်သောမီးမှာ မီးတောက် များ အပြင်သို့ထွက်ရှိခြင်းမရှိဘဲ မီးခိုးများအူထွက်၍ လှိုက်လောင် ခြင်းဖြစ်ကြောင်း ဝိုင်းဝန်းကြည့် နေသူများက ဆိုကြသည်။

အမှတ် (၄) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ''ကျွန်တော်တို့လည်း လာပြောလို့ ထွက်ကြည့်တော့ အပြင်ကို မီးခိုး တွေ အများကြီးထွက်နေပါပြီ။ ဒုတိယ အထပ် အခန်း ၂ဝ၂ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုရုံးခန်းက စလောင် တာပါ''ဟု ဆိုသည်။

မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြား ရေးမှူးချုပ် ဦးတင်မိုးနှင့် သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်မှ မီးငြှိမ်းသတ်ရေးယာဉ် အစီးရေ ၂ဝ ကျော် လာရောက် ငြှိမ်းသတ်ပေးကြောင်း သိရသည်။

လောင်နေသောမီးကို ည ၉ နာရီ ၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ည ၉ နာရီခွဲတွင် ငြှိမ်းသတ်ပေးနိုင်ခဲ့ သည်။
မီးစတင်လောင်ရခြင်းအကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းနေ ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်းနှင့်ဓာတ်ပုံ-ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ