Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တရားဝင် မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ချမ်းသာလာတဲ့ သူ

$
0
0

ကနေဒါနိုင်ငံမှ Michael Straumietis လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ Instagram မှာ နာမည်ကြီးလာတဲ့
မူးယစ်ဆေးဝါး သူဌေး တစ်ဦး ဖြစပါတယ်။ အသက် ၁၉ နှစ်ကတည်းက Marijuana ဆေးခြောက် လုပ်ငန်းကို ကနေဒါနိုင်ငံမှာ လုပ်ကိုင်ပြီး ထောင်ထဲလည်း ဝင်ခဲ့ဖူးပါတယ်။

ပြန်ထွက်လာတဲ့ အချိန်မှာ ဆက်လက် လုပ်ကိုင်တဲ့ အခါ သူဟာ အခြားသူတွေနဲ့ မတူအောင် အပင်စိုက်ပြီး ဆေးကိုလည်း နည်းလမ်း အမျိုးမျိုး စိုက်ပျိုး ဖော်စပ် ပါတယ်။ သူထုတ်လုပ်တဲ့ Marijuana ဆေးခြောက်က အခြားနဲ့ပဲ အဟာရဖြည့် ဆေးခြောက် အဖြစ် ထုတ်လုပ်ပြီး ဖြန့်ချိ ပါတယ်။

အမေရိကန်မှာရော အနောက်နိုင်ငံ အများစုဟာ ဆေးခြောက်ကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်များ ပေးလိုက်တဲ့ အချိန်မှာ Michael ဟာ သူဌေး တစ်ဦး ဖြစ်လာပါတော့တယ်။ သူ့ ဘေးပတ်ပတ်လည်မှာ လှပျိုမေများကို အတွင်းရေးမှူး အဖြစ် ထားလို့ နေရာတကာ လျှောက်သွားပြီး ကိုယ်ပိုင် ဂျက်လေယာဉ်၊ ဇိမ်ခံကားများစွာ ရှိပါတယ်။

သူ့ရဲ့ လုပ်ငန်းမှာ ကနေဒါ၊ အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ အထိ ဈေးကွက် ဖြန့်ချိခဲ့ပြီး Advanced Nutrients ဆိုတဲ့ ကုမ္ဗဏီကို တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို စွန့်ဦး တီထွင်သူ တစ်ဦး အဖြစ်လည်း သတ်မှတ်ကြ ပါတယ်။ သူ့အနေနဲ့ အခြား သူဌေးများနဲ့ မတူတာက စည်းစိမ်များ သုံးစွဲရမှုကို Instagram မှာ ဝေဝေဆာဆာ တင်ပါတယ်။

Instagram ဟာ သူဌေးသားများရဲ့ ကြွားဝါစရာ နေရာတစ်ခုအဖြစ် ၂၀၁၃ ကနေ ရေပန်းစားလာပြီးနောက် ဘယ်သူ Instagram king ဖြစ်မလဲဆိုတာ စောင့်ကြည့် နေကြချိန် Michael ဟာ ရေပန်းစားတဲ့ သူဌေး တစ်ဦး ဖြစ်လာပါတယ်။ လက်ရှိမှာ သူဟာ အမေရိကန်မှာ အခြေချ နေထိုင်မှု များပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com












Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>