Quantcast
Viewing all articles
Browse latest Browse all 13796

ဖမ်းမိသံသယတရားခံ က ဗုံးပေါက်ကွဲရာ နေရာတွင် ရှိခဲ့ကြောင်း ၀န်ခံထွက်ဆို


 ဗန်ကောက် ၊ ၃-၉-၂၀၁၅

 ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ဆာကေးအို ပြည်နယ်၌ ဖမ်းဆီးခံခဲ့ ရသော ဗန်ကောက် မြို့လယ် ဗုံးပေါက်ကွဲမှု သံသယ တရားခံ သည် ဗုံးပေါက်ကွဲရာ နေရာ၌ ရှိနေခဲ့ သည်ဟု ၄င်းကဝန်ခံခဲ့ သော်လည်း ဗုံးကို ယင်းနေရာ၌ ချထားခဲ့ခြင်း မရှိဟု ငြင်းဆို ထားကြောင်း ထိုင်းဒုတိယ ရဲချုပ် ချက်သစ်ချိုင် ဂျင်ဒါ က စက်တင်ဘာ ၂ ရက်တွင် ပြောကြား ထားသည်။

သို့သော် စုံစမ်းစစ်ဆေးမှု ရလဒ်များ အရ သိမ်းဆည်းရမိ ခဲ့သော ဗုံးထုတ်လုပ် ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ထည့်ထားသော ပုလင်းပေါ်မှ လက်ဗွေရာနှင့် ၄င်း၏ လက်ဗွေရာမှာ တူညီနေသည့် အတွက် အဆိုပါ သံသယ တရားခံသည် ဧရာဝဏ် နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်မှာ မှန်ကန်ကြောင်း ချိုင်ဂျင်ဒါ က ပြောကြား သည်။

ထို့ပြင် ယင်းသံသယ တရားခံသည် ပြီးခဲ့သည့် ရက်သတ္တပတ် က နောင်ချော့အရပ် ၌ ဖမ်းမိခဲ့သည့် သံသယ တရားခံနှင့် ဆက်စပ်မှု ရှိကြောင်းနှင့် ၄င်းတို့ နှစ်ဦးသည် အတူတကွ နေထိုင် ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။

အဆိုပါ သံသယတရားခံ ကိုင်ဆောင် ထားသည့် နိုင်ငံကူး လက်မှတ်အရ ၄င်းသည် ဝီဂါ မျိုးနွယ်စု ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁ ရက် က ကမ္ဘောဒီးယား နယ်စပ်သို့ တောအုပ်မှ တစ်ဆင့် ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များမှ ဖော်ပြ ထားသည်။

PyiChitThar
http://www.pyichitthar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)