Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လှိုင်သာယာ လူသတ်မှု စက်တင်ဘာလ (၉)ရက်နေ့ အမိန့်ချမည်

$
0
0
      လှိုင်သာယာမြို့နယ် ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ (၉) ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

      “ဒီနေ့ရုံးချိန်းက အပြီးသတ် လျှောက်လဲချက်တင်တာ။ လာမယ့် စက်တင်ဘာ လ(၉)ရက်နေ့မှ အပြီးသတ် အမိန့်ချမှတ်မှာပါ”ဟု ၎င်းင်းက ဆိုသည်။

      အဆိုပါ လူသတ်မှုတွင် တရားစွဲဆို ခံထားရသူ ငါးဦးအနက် သက်မောင်မောင် အပါအ၀င် သုံးဦးကို အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲချက် တင်ထားပြီး ကျန်နှစ်ဦးကို အင်းစိန်ကလေးသူငယ် တရားရုံး၌ လာမည့် စက်တင်ဘာလ(၉) ရက်နေ့တွင် စွဲချက်တင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း  သိရသည်။

      ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ အပြစ်ကျူးလွန်သူဟု ယူဆရသူ သက်မောင်မောင်ကို ပုဒ်မ ၃၀၂(၂)/၃၂၃၊ ကို ဇော်မျိုးပါ နှစ်ဦးကို ၃၀၂(၂)/၃၂၃/၁၁၄ တို့ဖြင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

       ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉)ရက်ညပိုင်း အချိန်တွင် လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်၌ အသက် (၂၅) နှစ်အရွယ် ကိုသန်းဇော်ဦးကို အမျိုးသားငါးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ယင်းအဖွဲ့မှ အသက်(၂၁)နှစ် အရွယ်ရှိ သက်မောင်မောင်က ဓားဖြင့် ၀င်ထိုးခဲ့သောကြောင့် ကိုသန်းဇော်ဦးမှာ သေဆုံးခဲ့ပြီး ၎င်းနှင့် အတူပါလာသော အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။

      ထိုလူသတ်မှု၌ သက်မောင်မောင် အပါအ၀င် အမျိုးသားငါးဦးကို လှိုင်သာယာ မြို့မရဲစခန်း၌ (ပ) ၁၈၆/၁၄၊ ပုဒ်မ ၃၀၂/ ၃၂၃/၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ယင်းလူသတ်မှု ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး လူအများက ကြောက်ရွံ့ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

The Messenger Media
http://messengernewsjournal.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


လုလုအောင် HD အသစ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု