Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လေယာဉ်မစီးဘဲ ကမ္ဘာတစ်ပတ် သွားလာခဲ့တဲ့ မိသားစု

$
0
0
ကလေးတွေနဲ့ ခရီးသွားလာတဲ့အခါ မိဘတွေအတွက် စိန်ခေါ်မူတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမဲ့ မိသားစု တစ်စုကတော့ အသက် သုံးနှစ်အရွယ်နဲ့ အသက် ခုနစ်နှစ် အရွယ် သားနှစ်ဦးကို ခေါ်ဆောင်ပြီး မိုင်ပေါင်း (၁၃၀၀၀) ကျော် ကွာဝေးတဲ့ နေရာကို ခရီးဆက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ မိသားစုဟာ ကမ္ဘာတစ်ပတ် ခရီးစဉ်ကို လေယာဉ် လုံးဝမသုံးဘဲ သွားလာဖို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ ခရီးကြမ်းကို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကလေးနှစ်ဦး ပါဝင်တဲ့ ကမ္ဘာပတ် ခရီးစဉ်မှာ လေယာဉ်ကို မသုံးခဲ့ခြင်းကြောင့် သွားလာရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရပေမယ့် အောင်မြင်စွာ သွားလာနိုင်ခဲ့ပါတယ်။ ကနေဒါကနေ စတင်ခဲ့တဲ့ ခရီးဟာ အခုဆိုရင် နီပေါနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်ကို မိသားစု တစ်စု၏ စွန့်စားသော ခရီးစဉ်လို့ အမည်ပေးထားပါတယ်။ သူတို့ရဲ့ ခရီးသွားလာမှုကို ဗီဒီယိုရိုက်ကူးပြီး အစီအစဉ် တစ်ခုအဖြစ် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ဘရုစ်နဲ့ ခရစ္စတင်းတို့ပာာ ကနေဒါ နိုင်ငံကနေ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး မီးရထား၊ လှေ၊ မြင်းလှည်း၊ ဆိုက်ကား၊ စက်ဘီး၊ သင်္ဘောစတဲ့ အရာတွေကို အသုံးပြုပြီး ခရီးသွားလာခဲ့တာ ဖြစ်ပါတယ်။ မိုင်ပေါင်း (၁၃၀၀၀) ကျော်ကို သွားလာရာမှာ (၉၆) ရက် အချိန်ယူခဲ့ရပါတယ်။ ခရီးစဉ်တွေဟာ ဝေးကွာလွန်းခြင်း၊ ရာသီဥတု ဆိုးရွားခြင်း စတာတွေကြောင့် အခက်အခဲ ရှိခဲ့ပေမယ့် အောင်မြင်စွာ သွားလာနိုင်ခဲ့ပါတယ်။ အဓိကကတော့ အာရှဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာကို လေ့လာ လိုတာကြောင့် စိတ်ဆန္ဒအပြည့်နဲ့ ခရီးသွားလာခဲ့တာကြောင့် ခက်ခဲတဲ့ခရီးစဉ်ကို မိသားစုနဲ့အတူ ရောက်ခဲ့တာ ဖြစ်ပါတယ်။
messenger news journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>