Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိုင်းစတိုင်းထက် ဥာဏ်ရည်မြင့်တဲ့ ကလေးငယ်

$
0
0
မထင်မှတ်ထားတဲ့ ကျောင်းသူလေး တစ်ဦးဟာ ကမ္ဘာကျော် ဥာဏ်ကြီးရှင်တွေဖြစ်ကြတဲ့ Albert Einstein နဲ့ Stephen Hawking တို့ရဲ့ ဥာဏ်ရည်ထက်သာလွန် ပြီး Mensa ဥာဏ်ရည် စစ်ဆေးရေးမှာ အကောင်းဆုံး
ရလဒ်တွေ ရခဲ့တယ်လို့  သိရပါတယ်။

ဥာဏ်ရည်ထက်မြတ်တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်လေး Lydia Sebastian ဟာ သူမရဲ့
မိဘတွေကို နားပူနားဆာ လုပ်လုပ်ပြီး သူမအတွက် အားလပ်ရက် မှာ မေးခွန်းပုံစံ တွေ ရှာဖွေပေးဖို့တောင်းဆိုခဲ့ပြီး လေ့လာမှတ်သားထားခဲ့တာဖြစ်ပါတယ်။

တစ်ကယ်တမ်း ဥာဏ်ရည်စစ်ဆေးတဲ့ စာမေးပွဲမှာတော့ အသက် ၁၂ နှစ်အရွယ် Lydia ဟာ Cattrall III B
 မေးခွန်းမှာ ကမ္ဘာ့အမြင့်ဆုံး ရမှတ်တစ်ခုအဖြစ် ၁၆၂ မှတ်တိတိ ရခဲ့တယ်လို့ သိရပါတယ်။ မယုံကြည်နိုင်
စရာ တစ်ခုကတော့ ထို ကောင်မလေးရဲ့ ရမှတ်ဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေထက်ကျော်လွန်သွားတာပါပဲ။

Albert Einstein နဲ့ Stephen Hawking တို့ ၂ ယောက်လုံးဟာ Cattrall III B စာမေးပွဲမှာ ရမှတ် ၁၆၀ ထိ
ပဲ ရရှိခဲ့ကြတဲ့အတွက် Lydia ရဲ့ ရမှတ်ဟာ လက်ရှိမှာ အများဆုံး ဖြစ်နေပါတယ်။ Lydia ဟာ Colchester
County မိန်းကလေး အထက်တန်း ကျောင်းမှာ သူမရဲ့ ဒုတိယ နှစ်ကို တက်ရောက်မှာ ဖြစ်ပြီး သူမရဲ့
ဘာသာစကားကျွမ်းကျင်မှု ၊ ဆင်ခြင် တုံတရား ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ နဲ့ ယုတ္တိဗေဒ အမြင်တွေကို
သင်ကြား စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Lydia ဟာ ငယ်စဉ်ကတည်းက စာအုပ်စာပေ ဖတ်ရှု ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်တဲ့အလျှောက် သူမဟာ ဟယ်ရီပေါ်တာ စီးရီး စာအုပ် ၇ အုပ်လုံး ကို ၃ ကြိမ်တိုင် အပြန်အလှန် ဖတ်ရှုပြီး ဖြစ်တယ်လို့ သိရပါတယ်။
သူမရဲ့ ဖခင်ဖြစ်သူ Arun ကလည်း Colchester အထွေထွေဆေးရုံမှာ ဓါတ်မှန် ပညာရှင် တစ်ယောက်
ပဲ ဖြစ်ပါတယ်။


Lydia ဟာ အသက် ၄ နှစ်ကတည်းက တယော စထိုးတတ်ခဲ့ပြီး ၆ လသားအရွယ်မှာ တင် စကားစပြော
တတ်ခဲ့တဲ့ တစ်ဦးတည်းသော ကလေးငယ်လေးပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ကရဝေး စိုက်ပျိုးနည်း


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>