Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခရစ်ယာန်များအတွက် ပညတ်တော် ၁၁ ပါး အိုင်စစ် ချမှတ်

$
0
0


 အိုင်စစ်တို့တိုက်ခိုက်သိမ်းပိုက်ထားသော ဆီးရီးယားမြို့ Al-Qaryatayn အတွင်း နေထိုင်သော ခရစ်ယာန်ဘာသာဝင်များအတွက် အိုင်စစ်တို့က ပညတ်ချက် ၁၁ ခု ချမှတ်လိုက်ကြောင်း၊ မလိုက်နာပါက ၎င်းတို့၏ဘ၀လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း သိရသည်။

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာအဖွဲ့၏အစီရင်ခံစာအရ ယခင်လက အိုင်စစ်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော အဆိုပါမြို့တွင်း နေထိုင်လျက်ရှိသော ခရစ်ယာန်ဘာသာဝင်များအတွက် အကြမ်းဖက်အဖွဲ့က ရွေးချယ်ရန် ၂ လမ်း ပေးထားသည်။ ၎င်းတို့မှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခြင်း(သို့) ဂျစ်ဇီယာ ခေါ် မွတ်စလင်မဟုတ်သူများအတွက် ကြီးလေးသောအခွန်ပေးဆောင်စေခြင်း၊ မွတ်စလင်များထက် နိမ့်ကျသော ဒုတိယတန်းစားများအဖြစ် နေထိုင်စေခြင်း စာချုပ်တို့ဖြစ်ကြောင်း သိရသည်။

အိုင်စစ်ခေါင်းဆောင် အဘူဘာကာဘဂ္ဂဒါဒီ ရေးဆွဲသော ဂျစ်ဇီယာတွင် ခရစ်ယာန်တိုင်းလိုက်နာရမည့် ပညတ်ချက် ၁၁ ချက်ပါဝင်ပြီး ချာ့ခ်ျဘုရားကျောင်း မဆောက်ရ၊ ခရစ်ယာန်ဘာသာဆိုင်ရာ အမှတ်သင်္ကေတများကို မွတ်စလင်တို့မြင်ကွင်းတွင် မချိတ်ဆွဲရ၊ အိုင်စစ်အာဏာကို သေးသိမ်စေမည့် လက်နက်ကိုင်ဆောင်ခြင်း၊ ၀က်သားနှင့် ၀ိုင် ရောင်းဝယ်ခြင်းမပြုရ စသည်တို့ ပါဝင်သည်ဟု ဆိုသည်။

ခရစ်ယာန်ဘာသာဝင်များ ဂျစ်ဇီယာ လုံခြုံမှုအာမခံစာချုပ်ကို လက်မှတ်ရေးထိုး၍ အခွန်ပေးဆောင်နေသောပုံများကို စက်တင်ဘာ ၃ ရက်နေ့တွင် ဂျီဟတ်ဒီအဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။

စာချုပ်အရ အိုင်စစ်က ၎င်းတို့၏ အသက်အိုးအိမ်ကို အာမခံသည်။ ခရစ်ယာန်ဘာသာဝင်များအနေနှင့် အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန်မလိုဘဲ လုံခြုံမှုရှိမည်ဖြစ်ကြောင်း၊ စာချုပ်ဖောက်ဖျက်သူများကို တိုက်ပွဲဝင်စေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့သည် အိုင်စစ်တို့အတွက် မဟာဗျုဟာမြောက် အရေးပါသောမြို့ဖြစ်ပြီး မှီတင်းနေထိုင်သူ ၄၀၀၀၀ ၀န်းကျင်ရှိ၍ ခရစ်ယာန်ဘာသာဝင်များနှင့် ဆွန်နီမွတ်စလင် အများစုဖြစ်ကြောင်း BBC မှ သိရသည်။

ရည်ညွှန်း - အာရ်တီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>