Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပြည်ထောင်စုတဝှမ်းကျားဖြူပါတီ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်ဝင်ပြိုင်မည်

$
0
0

 ဂျူလိုင် ၁၈ ရက် ၂၀၁၅

၂၀၁၅ နိုဝင်ဘာ ၈ ရက် ကျင်းပမည့်ပြည်လုံးကျွတ် အထွေထွေရွေးကောက် ပွဲတွင် ကျားဖြူပါတီက ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် မြို့နယ်ပေါင်း ၆၀ ကျော်တွင် ကိုယ်စားလှယ်လောင်း၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန်အဆင် သင့်ရှိနေပြီဟုသိရသည်။

၂၀၁၅ အထွေထွေရွေးကောက်တွင် သျှမ်းပြည်နယ်အတွင်း ၄၃ မြို့နယ် အပြင် ကချင်ပြည်နယ် ၉ မြို့နယ် စစ်ကိုင်းတိုင်း ၅ မြို့နယ် မန္တလေးတိုင်း ၃ မြို့နယ် နှင့် ကယားပြည်နယ် ၅ မြို့နယ် ဝင်ရောက် ပြိုင်မည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ဉက္ကဌ ၊ သျှမ်းပြည် နယ်အစိုးရ သတ္တု၊ သစ်တော ဝန်ကြီး စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်စာရင်းရှိတယ် ။ ဒီ ၂၀၁၅ မှာ ကျားဖြူပါတီ အနေနဲ့ မဲဆန္ဒနယ်ထပ်တိုးပြိုင်မှာက ရပ်စောက်၊ ဖယ်ခုံ ၊ ဝ နယ်ထဲမှာဆိုရင် ဟိုပန်၊ ကယား ပြည်နယ်မှာဆိုရင် ၅ မြို့နယ်ပေါ့” ဟု စိုင်းအိုက်ပေါင်းကပြောသည်။

ယခုလာမည့် ဂျူလိုင် ၂၄-၂၅ ရက်အထိ သျှမ်းပြည်နယ်မြို့ေ တာ် တောင်ကြီး မြို့ ၌ လွှတ်တော်ကိုယ်စား လှယ်လောင်းများအား ခေါ်ယူ၍ ရွေးကောက် ပွဲအောင်နိုင်ရေး နှင့် ရွေးကောက်ပွဲဝင်ရန် ဖေါင်ဖြည့်ကာ ဆိုင်ရာခရိုင်ရွေးေ ကာက်ပွဲကော်မရှင်သို့ စာရင်းတင်ပြထားရေးအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“၂၀၁၀ တုန်းက ကျားဖြူပါတီဝင်က တထောင်ကျော်ပဲရှိတယ်။ အဲတုန်းက ကြောက်လဲကြောက်ကြ တယ်လေ။ အချိန်လဲ မရှိဘူး၊ အခုက အချိန်လဲရှိတယ်။ ကြိုတင်မဲလဲ စာရင်းအသိအကျ သိရမယ်။ ပါတီဝင်လဲ ၅ သိန်းကျော်ရှိတယ်။ ဆိုတော့ သျှမ်းပြည်နယ် အစိုးရ ဖြစ်ကိုဖြစ်နိုင်ရမယ်။ - ဟု ဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အခြေအနေ မတူတော့ဘဲ ကျားခေါင်းပါတီ အမည်ရ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD လည်း ၁၅၈ နေရာ ယှဉ်ပြိုင်ဖို့လျာ ထား ၏။

သျှမ်းပြည်နယ်အရှေ့ပိုင်တွင်လည်း သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဆိုသည့် ပါတီသစ်လည်း ရှိပါသေး၏။

သျှမ်းပြည်တွင်းနေ အခါ၊ ပအိုဝ်း၊ လားဟူ၊ ဝ ၊ ပလောင်၊ ကိုးကန့် တို့လည်း ပါတီအသီးသီးရှိကြ၏။ ထို့အပြင် မြန်မာနိုင်ငံတွင် အင်အားကြီးဆုံး ပါတီ နှစ် ခုဖြစ်သည့် အစိုးရ၏ ပြည်ခိုင်ဖြိုးပါတီ ၊ ကမ္ဘာကျော် မြန်မာ့ေ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ လည်း သျှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>