Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ချင်းတွင်းမြစ်ဘေး မြို့များ မြစ်ရေတိုး သတိပေးချက် ထုတ်ပြန်

$
0
0
မုံရွာမြို့ ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ကျော်နေပုံ (ဓာတ်ပုံ-နေသီဟ) 
 ချင်းတွင်းမြစ်ရေ တိုးလာတဲ့ အတွက် စစ်ကိုင်းတိုင်း အထက်ပိုင်း မြစ်ရေတိုင်းတာရေး စခန်းရှိရာ မြို့ (၇) မြို့မှာ ရေလွှမ်းမိုးမှု အန္တရာယ် သတ်မှတ်ထားကြောင်း မိုးလေသဝနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ မော်လိုက်မြို့မှာတော့ မြို့ရဲ့ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ရေဘေးသင့် ပြည်သူတွေ အတွက် ကယ်ဆယ်ရေးစခန်းရယ်လို့လည်း သီးသန့်မရှိတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေကို ပရဟိတအဖွဲ့တွေကပဲ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ချင်းတွင်းမြစ်ရေကြီးလာတဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့တွေဖြစ်ကြတဲ့ မော်လိုက်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ အပါအဝင် မြို့ (၇) မြို့ကို ရေလွှမ်းမိုးမယ့်အန္တရာယ်ရှိတဲ့မြို့တွေအဖြစ် သတ်မှတ်ထားရပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောပြပါတယ်။

“ချင်းတွင်းမြစ်မှာပေါ့လေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ - ပေါ့လေ။ စခန်း (၇) စခန်း ရှိတယ်။ အဲဒီ စခန်း (၇) စခန်းလုံးကတော့ ဘေးနားက ….အထက်ကို ရောက်နေပါတယ်။ ခန္တီးမှာဆိုရင်တော့ ၃ ပေနဲ့အထက်မှာရှိပါတယ်။ ဟုမ္မလင်းဆိုရင်တော့ …ရဲ့အထက် ၄ ပေခွဲမှာရှိပါတယ်။ ဖောင်းပြင်မှာဆိုရင်တော့ …အထက် ၆ ပေမှာရှိပါတယ်။ မော်လိုက်မှာဆိုရင်တော့ ….level ရဲ့အထက်မှာပေါ့လေ - ၉ ပေလောက်ရှိပါတယ်။ ကလေးဝမှာလည်း …. level ရဲ့အထက်မှာ ၇ ပေခန့်ရှိပါတယ်။ မင်းကင်းမှာလည်း ….. level ရဲ့အထက်မှာ ၆ ပေခန့်ရှိပါတယ်။ အဲလိုပဲ မုံရွာမှာတော့ …. level ရဲ့အထက် ၃ ပေကျော်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ မြစ်ရေတိုင်းတာရေးစခန်းရှိတဲ့ (၇) မြို့မှာပေါ့လေ ညီမျှ level ရောက်နေတဲ့အနေနဲ့ အခု တိုင်းတာရရှိတဲ့ဟာကို ဖော်ပြပေးတဲ့အနေအထားရှိပါတယ်။ …လယ်ဗယ်အထက်ရောက်ရှိနေတဲ့အနေအထားကြောင့်မို့လို့ ဒါ စိုးရိမ်ရမယ့်အနေအထားမှာရှိပါတယ်။”

ဒီအထဲက စိုးရိမ်ရေအမှတ်ထက် ၉ ပေခွဲထိ ကျော်နေတဲ့ မော်လိုက်မြို့မှာတော့ မြို့ရဲ့ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မော်လိုက်မြို့ခံ ကိုဝင်းနိုင်က ပြောပါတယ်။

“မော်လိုက်မှာ သုံးပုံနှစ်ပုံလောက် မြုပ်နေပါတယ်ဗျ။ ကျနော်တို့မော်လိုက်က အိမ်ခြေကမြို့ပေါ်အိမ်ခြေ (၄) ထောင်လောက်ပဲရှိမယ်။ ကျနော်တို့ဆီမှာ ရပ်ကွက်ကြီးက (၂) ခုပဲရှိတာ၊ မြို့မ (၁)၊ မြို့မ (၂) ပေါ့။ ရပ်ကွက်ကလေးတွေဆိုရင်တော့ (၁၂) ရပ်ကွက်ရှိတာပေါ့။ (၁၂) ရပ်ကွက်မှာ (၈) ရပ်ကွက် မြုပ်နေတာပေါ့။ ရေလည်း …ခါးမှာရောက်နေတယ်။ အိမ်ထောင်စုက (၃၀၀) ဝန်းကျင်ခန့်ရှိတာပေါ့။ ကျေးရွာကတော့ (၂၅) ရွာလောက် မြုပ်နေပြီ။”

မြစ်ရေသတိပေးချက်တွေကို မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ကြိုတင်ထုတ်ပြန်ပေးထားတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပဲ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေဘက်က ပြောတာပါ။ မော်လိုက်မြို့မှာ ရပ်ကွက် (၈) ခုလောက်နဲ့ ပတ်ဝန်းကျင်ကျေးရွာ (၂၅) ရွာလောက် ရေနစ်မြုပ်နေပေမယ့် ရေဘေး ကယ်ဆယ်ရေး စခန်းတွေ လောလောဆယ်မှာ သီးသန့်မရှိတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြို့ခံတွေကပဲ ဆောင်ရွက်နေကြရတယ်လို့ ပြောပါတယ်။

“ကြိုတင်ကာကွယ်စောင့်ရှောက်မှုကတော့ မရှိပါဘူးဗျာ။ သတင်းဌာနတွေက တီဗွီတို့၊ ဘာတို့ကနေပဲ မြစ်ဝမ်းဘေးမှာနေထိုင်ကြတဲ့ ပြည်သူတွေ သတိနဲ့နေထိုင်ကြဖို့ပဲ သတိပေးထားတာတွေပဲရှိတယ်ဗျ။ ကြိုတင်ပြီးတော့ ဘာတွေလုပ်ပါ-ဆိုတာတော့ ကျနော်တို့ ဒေသတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲလုပ်ကြတာပေါ့။ ကယ်ဆယ်ရေးစခန်းဆိုရင် သီးခြားဖွင့်ထားတာတော့ မရှိဘူး။ ကျနော်တို့ ဆီမှာတော့ မူလတန်းကျောင်းလေးတို့၊ ဘုန်းကြီးကျောင်းတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းလိုဖွင့်ပြီး နေကြရတယ်။ အမှတ် (၂) မူလတန်းကျောင်း။ အထကကျောင်းပေါ့။ ဘုန်းတော်ကြီးကျောင်း-အဲလို- ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာ အဲလိုရောက်နေတဲ့ဒုက္ခသည်တွေကို ဆန် နှစ်ပြည်စီ ဝေပြီး အခု ကျနော်တို့ ပြန်လာတာ။”

ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံတဝန်းမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ မြစ်ရေကြီးတာနဲ့ ကိုမန်ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုတို့မှာ ရေဘေးဒဏ်ကို ခံစားခဲ့ကြတဲ့ လူပေါင်း (၁၆) သိန်းရှိပြီး လူပေါင်း ၁၂၀ ကျော်လည်း သေဆုံးခဲ့ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>