Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အယ်လီဇဘတ်သ် ဘုရင်မကြီး ရဲ့ ခန္ဓာကိုယ် တစ်ဝက်ဗလာ ကျင်းထားတဲ့ နံရံဆေးရေး ပန်းချီ

$
0
0
လက်ရှိ ဗြိတိန် နိုင်ငံ ရဲ့ ဘုရင်မကြီး Elizabeth II ဟာ သူမရဲ့ အုပ်ချုပ်ခွင့် အာဏာ ရ ကာလ ဟာ အရင်ရှိခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဗြိတိန် နိုင်ငံက လမ်းမပန်းချီ ပညာရှင် တစ်ယောက် က ဂုဏ်ပြုမှု တစ်ခု လုပ်ခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် လမ်းမ ပန်းချီ ပညာရှင် Pegasus ဟာ Elizabeth ဘုရင်မ ကြီးရဲ့ အုပ်ချုပ်ခွင့် သက်တမ်း ၆၃ နှစ်ပြည့် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘုရင်မကြီး ရဲ့ ငယ်စဉ်တုန်းက ပုံပန်းသဏ္ဍန်ကို ခန္ဓာကိုယ် တစ်ဝက် ဗလာ ကျင်းထားတဲ့ ပန်းချီ တစ်ခုအသွင်း ပြုလုပ်ပြီး လန်ဒန် မြောက်ပိုင်းက Islington မြို့မှာ ရှိတဲ့ Winchester ဘားမှာ ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့ တော်ဝင် ဖန်တီးမှု နဲ့ ပတ်သက်ပြီးတော့ Mashable သတင်းဌာန ကို ပြောပြခဲ့တာကတော့ "ကျွန်တော် သူမ ပုံကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရေးဆွဲခဲ့ပါတယ်။ ဒီဇိုင်းဖန်တီး တဲ့ အဆင့်မှာတင် ၂ ပတ် ကျော်လောက်ကြာပါတယ်။ ပုံဆွဲဖို့ ၂ ရက်လောက်ကြာပါတယ်။ အပြီးသတ်ဖို့ ၁ နာရီ အချိန်ယူခဲ့ရပြီး ဆေးမှုတ်ဖို့အတွက်တော့ ၃ နာရီ ကြာခဲ့ပါတယ်"လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သူမက ဘုရင်မကြီးရဲ့ ပုံကို ဘယ်သူနဲ့မှမတူညီတဲ့ ရှုထောင့်တစ်မျိုးက ရေးဆွဲ ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း "ဘုရင်မကြီးရဲ့ ငယ်ရွယ်စဉ် ပုံဟာ လှပတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ အဲဒီအလှကို ကျွန်တော်က ဂုဏ်ပြုချင်ခဲ့တယ်။ ဒါကြောင့် သူမရဲ့ ပုံတူကို ဘယ်သူမှ ဘယ်တုန်းကမှ မမြင်ဘူးတဲ့ အသွင်အပြင် မျိုးနဲ့ ရေးဆွဲလိုက်တာပါ"လို့ Pegasus က ဆိုထားပါသေးတယ်။

Pegasus က သူ့အနေနဲ့ နန်းတော်ထဲကို ခေါ်ဆောင်သွားခံရသင့်တယ်လို့လည်း ၀န်ခံထားပါတယ်။

ထို လန်ဒန် လမ်းပေါ်က ပန်းချီ ပညာရှင် Pegasus ဟာ Amy Winehouse နဲ့ Kate Middleton တို့ရဲ့ ပုံတူ Stencil ကိုရေးဆွဲခဲ့တဲ့အတွက်လည်း လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါသေးတယ်။

( Mario )

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)