Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများက နိုင်ငံပိုင်အသံလွှင့်ဌာနကို သိမ်းပိုက်၍ နိုင်ငံတော်ကောင်စီ ထူထောင်ကြောင်းကြေညာ

$
0
0

ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများက နိုင်ငံပိုင်အသံလွှင့်ဌာနကို သိမ်းပိုက်ပြီးနောက် စစ်အာဏာသိမ်းကြောင်းကြေညာနေစဉ် (ဓါတ်ပုံ-အင်တာနက်)
လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

    ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာန အား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။

ရေဒီယို၌ ဖတ်ကြားခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် မော်ရိုကိုနိုင်ငံမြို့တော် ရာဘတ်မြို့၌ လေဖြတ်ဝေဒနာဖြင့် ဆေးရုံတက်နေသည့် လက်ရှိ ဂါဘွန်သမ္မတ Ali Bongo Ondimba အား ဝေဖန်ပြောကြားထားကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးကာလတွင် ပြောကြားခဲ့သော သမ္မတ Bongo ၏ မိန့်ခွန်းအပေါ် စစ်တပ်က စိတ်ပျက်မိပါကြောင်း နှင့် ယင်းမိန့်ခွန်း၌ အာဏာတည်မြဲစေရန် အပြင်းအထန်လုပ်ဆောင်နေသော ကျန်းမာရေးမကောင်းသည့် သမ္မတ၏ ကြိုးပမ်းမှု ကို ပြသနေကြောင်းပါရှိသည်။

အာဖရိကအလယ်ပိုင်းရှိ ဂါဘွန်နိုင်ငံတွင် Bongo သည် ၂၀၀၉ခုနှစ်ကတည်းက စ၍ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရကြောင်း သိရသည်။

သတင်းထုတ်ပြန်ချက်အရ စစ်တပ်အရာရှိများသည် နိုင်ငံပိုင်အသံလွှင့်ဌာနသို့ ဒေသစံတော်ချိန် နံနက် ၄နာရီတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>