မိခင်များနေ့မှာ အားငယ်နေရှာတဲ့ မိခင်မဲ့သားအတွက် အမျိုးသမီးလိုဝတ်ပြီး ဖြည့်ဆည်းပေးခဲ့တဲ့ မုဆိုးဖိုဖခင်
crd: Original Wrtiter
......................
Unicode ဖြင့်ဖတ်ရန်
အမေများနေ့မှာ အားငယ်နေရှာတဲ့ မိခင်မဲ့သားအတွက် အမျိုးသမီးလိုဝတ်ပြီး ဖြည့်ဆည်းပေးခဲ့တဲ့ မုဆိုးဖိုဖခင်
သားသမီးကို မိဘတိုင်း ချစ်ကြတာချည်းပါဘဲ။ သားသမီးတိုင်းကလည်း မိဘတွေကို ချစ်ခင်ကြမှာပါါပေမယ့် မိဘတိုင်း၊ သားသမီးတိုင်း အမြဲတမ်း ကံကောင်းနေကြတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ဘဝပေးကံတရားတွေကြောင့် မိမစုံ၊ဖမစုံနဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းရတဲ့ သားသမီးတွေရှိပါတယ်။
ဒီလိုပဲ အဖေလိုတစ်မျိုး အမေလိုတစ်သွယ် သားသမီးငယ်တွေကို သွန်သင်ဆုံးမရတဲ့ မိဘတွေလည်း ရှိပါတယ်။ အခုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်မဲ့သွားတဲ့ သားလေးကို မုဆိုးဖိုဖခင်ဖြစ်သူ Chatchai Parn-uthai က မိခင်လိုဝတ်စားဆင်ယင်ပြီး ကလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
![]()
ကလေးဟာ ကျောင်းမှာကျင်းပတဲ့ မိခင်များနေ့မှာ ကန်တော့စရာမိခင်မရှိဖြစ်နေလို့ အားငယ်နေရှာသူပါ။ ဒါကို ဖခင်ဖြစ်သူက ရိပ်မိပြီး သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
Kanchanaburi စီရင်စု Wat Trai Rattanaram Charity School ကျောင်းမှာ မိခင်များနေ့ကို ကျင်းပခဲ့တာဖြစ်ပြီး မိခင်တွေကို သားတွေသမီးတွေက ပန်းကုံးတွေနဲ့ အလေးအမြတ်ပြုကာ ရှိခိုးဦးချတဲ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဒီဗွီဒီယိုဖိုင်လေးဟာ အခုဆိုရင် (၅)သန်းနီးပါး ရှိနေပါပြီ။
(ရုပ်သံ မှတ်တမ်း ကြည့်ရန်)
ယမန်နှစ်ကလည်း မိခင်မဲ့ ကျောင်းသူလေးတစ်ဦးဟာ ခုံအလွတ်တစ်ခုပေါ်မှာ ပန်းကုံးလေးကို ချပြီး မိခင်ကိုမှန်းဆကာ ကန်တော့ခဲ့တဲ့ဓာတ်ပုံလေးဟာလည်း မြင်ရသူတွေကို မျက်ရည်မခိုင် ဖြစ်စေခဲ့ပါတယ်။
credit: Original Writer