Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘုရားရှင်အား သောက်တော်ရေချမ်းကပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိသော်လည်း အနည်းငယ်လွဲမှားမှုများ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်များ

$
0
0













.............................
Unicode

ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားရှင်ကို ဆွမ်းကပ်တဲ့အခါ ဒါမှမဟုတ် သောက်တော်ရေကပ်တဲ့အခါတွေမှာ သာမန်အားဖြင့် သန် ့ရှင်းသပ်ရပ်အောင်

ပြုလုပ်ပြီး ကပ်တက်ကြပါတယ်။ ရဟန်းသံဃာတော်များကို ဆွမ်းကပ်တဲ့အခါလည်း အတတ်နိုင်ဆုံး ကောင်းမွန်သန် ့ရှင်းအောင် ပြုလုပ်ပြီးကပ်တတ်ကြပါတယ် ဒါပေမဲ့ အဓိက အရေးကြီးတာ မပြုလုပ်နိုင်ကြဘူး ဖြစ်နေတယ်။

အဲဒါဘာလည်းဆိုတော့ ဘုရားရှင်ကိုပဲ ကပ် ကပ် ရဟန်းသံဃာတော်ကိုပဲ ကပ်ကပ် သောက်တော်ရေကို ရေစစ် နဲ ့စစ်ပြီး ကပ်ဖို ့ပါပဲ ဝိနည်းတော်မှာ

ရေစစ် နဲ ့ စစ်ပြီး မကပ်ဘူးဆိုရင် သောက်သုံးသူ ရဟန်းတော်များဟာ အာပတ် သင့်ပါတယ်။ ဘုရားရှင်ကို ဖူးမြင်ဖို့ ဂန္တာရ ခရီးကို ဖြတ်လာတဲ့

ရဟန်းနှစ်ပါးဟာ ရေကန်တခုကိုတွေ ့လို ့တပါးကသောက်ပေမဲ့ တပါးက ရေစစ်မပါတဲ့အတွက် မသောက်ပဲ နေခဲ့လို ့ရေငတ်ပြီး ပျံလွန်တော်မူသွားတယ်။

အဲဒီအကြောင်းကို ဘုရားရှင်ဆီရောက်လို ့ လျှောက်တင်တဲ့အခါ ဘုရားရှင်က ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ကို ဒါမှ ငါ့သားတော်ကြီး ဆိုပြီး ချီးမွမ်းခဲ့ပါတယ်။

ဝိနည်းဆိုတာ ရဟန်းတော်များရဲ့ အသက်ပါပဲ။ ဘုရားရှင်အမြဲတမ်း ချီးမွမ်းခဲ့ပါတယ်။ ဒါ့ကြောင့် မိမိတို ့ရဲ့ အလှူဒါန ကို အကောင်းဆုံးဖြစ်ဖို ့

အတွက် ဘုရားရှင်ကိုပဲ ကပ်ကပ် ရဟန်းသံဃာတော်ကိုပဲ ကပ်ကပ် ရေစစ်နဲ ့ ရေကိုစစ်ပြီးမှ ကပ်ကြပါလို ့ နိဗ္ဗါန်အကျိုးမျှော် နိုးဆော်အပ်ပါတယ်။

ရဟန်းသံဃာတော်များအတွက် ရေစစ်ဟာ မရှိမဖြစ် ဖြစ်ပါတယ် ရဟန်းသံဃာတော်များအတွက် အိမ်သာ ထဲက ရေကိုသုံးတာတောင် ရေစစ်နဲ ့စစ်ပြီးမှ

သုံးရပါတယ် ရေစစ်နဲ ့ မစစ်ရင် အာပတ်သင့်ပါတယ် ဒါ့ကြောင့် ကျောင်းများကိုလည်း လှူနိ ုင် တန်းနိ ုင်ကြပါတယ် အသက်ရှည်စေတဲ့ အလှူ ၆ မျိုးမှာ ရေတွင်

း ရေကန်လှူ မလှူ နိ ုင်ပါက ရေစစ်လှူ လို ့ ပါရှိပါတယ် ပရိက္ခရာ ရှစ်ပါးမှာလည်း ရေစစ်ပါ ပါတယ် အသက်ရှည်စေတဲ့အလှူဖြစ်ပါတယ်

ဒါ့ကြောင့် ဓမ္မမိတ်ဆွေများ ရဟန်းတော်များနှင့် အပ်စပ်သော ရေစစ်ကို လှူတမ်းခြင်းအားဖြင့် အသက်လည်း ပိုရှည်နိ ုင်ပါကြောင်း သတင်းကောင်း ပါးပါတယ်

တပည့်လိမ္မာရင် ဆရာအာပတ်လွတ်ဆိုတာ ဓမ္မမိတ်ဆွေများ သဘောပေါက်နိုင်ကြပါစေ။ မူရင်းရေးသားသူထံမှ ကုသိုလ်ဖြင့်ပြန်လည်မျှဝေပါ၏။

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>