Quantcast
Viewing all articles
Browse latest Browse all 13796

အရက်နှင့် အက်စစ် မှားသောက်မိရာမှ အမျိုးသားတစ်ဦး သေဆုံး

Image may be NSFW.
Clik here to view.
ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။
          ကျွန်းလှမြို့နယ် တည်ပင်ဆိပ် ကျေးရွာတွင် ယခုလ( ရ) ရက်နေ့၌ အရက်နှင့် အက်စစ်အရည် မှားသောက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

          တည်ပင်ဆိပ် ကျေးရွာနေ ဦးစိန်ချော ( ၆၃) နှစ်သည် အရက်ကြောင် ကြောင်ကာ စိတ်မူမှန်ခြင်း မရှိသည့် အချိန်၌ အက်ဆစ်ရည် များအား အရက်များဟု ထင်မှတ်ကာ သောက်သုံးမိရာမှ ပါးစပ်၊ ၀ဲယာလည်ပင်းနှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများ ရရှိကာ သေဆုံးသွား ခဲ့ရကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

          အဆိုပါ သေဆုံးသူသည် ယခင်က အရက်များ အလွန်အကျွံ သောက်သုံးသူ တစ်ဦးဖြစ်ပြီးလွန်ခဲ့သည့် (၁၀) ရက်ခန့် မှစတင်ကာ အရက်ဖြတ် ထားခဲ့ပြီး စိတ်မူမှန်ခြင်းမရှိဘဲ နေအိမ်တွင်း၌ ထားသည့် အက်စစ်ရည်များအား အရက်များဟု ထင်မှတ်ကာ သောက်သုံးမိခဲ့သည့် အတွက် ယခုကဲ့သို့ သေဆုံးသွားရခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

          ယင်းသို့ အရက်နှင့် အက်စစ်ရည် မှားသောက်ကာ သေဆုံးသွားခဲ့မှုအတွက် သက်ဆိုင်ရာ ကျွန်းလှမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၅ ဖြင့်ရေးဖွင့် ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

The Messenger Media
http://www.messengerdaily.com

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>