Quantcast
Viewing all articles
Browse latest Browse all 13796

တရားစီရင်ရေးမှာ စစ်တပ်အရာရှိတွေ ခန့်ထားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်

Image may be NSFW.
Clik here to view.
တရားစီရင်ရေးမှာ စစ်တပ်အရာရှိတွေ ခန့်ထားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်
 စစ်တပ်အငြိမ်းစား အရာရှိတွေကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော် ရုံးချုပ်မှာ အဆင့်မြင့်ရာထူးတွေ ပေးအပ်လိုက်တာ ကို ဆန့်ကျင်တဲ့အနေနဲ့ စက်တင်ဘာလ ၉ ရက်နေ့က ပျဉ်းမနားမြို့နယ်က ရှေ့နေတွေ အဝါရောင်ဖဲကြိုး လှုပ်ရှားမှုကို စတင်ခဲ့စဉ်။ Photo: ဦးခင်မောင်ဇော် ဖေ့ဘုတ်

 တပ်မတော်အငြိမ်းစား အရာရှိ ၂ဝ နီးပါးလောက်ကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှာ အဆင့်မြင့်ရာထူးတွေ ပေးအပ်လိုက်တဲ့အတွက် ပျဉ်းမနားမြို့နယ်က ရှေ့နေတွေက သူတို့လုပ်ငန်းခွင်မှာ အဝါရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး ဒီနေ့ စတင်ကန့်ကွက်ကြပါတယ်။

တပ်မတော်က တရားစီရင်ရေးကဏ္ဍတွေမှာ နေရာဝင်ယူလာတာကို ဆန့်ကျင်တဲ့အနေနဲ့ အ၀ါရောင်ဖဲကြိုး လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားမယ်လို့ ပျဉ်းမနားမြို့နယ် ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ကျန်းမာရေးလောက တရားစီရင်ရေး လောကထဲမှာတင် မဟုတ်ဘူးဗျ၊ ဒီဗမာပြည်ရဲ့ ဝန်ကြီးဌာန အားလုံး လောကအားလုံးမှာ စစ်တပ်က မိုးကျရွှေကိုယ်တွေ ဝင်လာတာကို ဆန့်ကျင်ပါတယ်၊ ဖဲကြိုးလှုပ်ရှားမှုတွေက အကုန်လုံးပေါင်းစည်းပြီး တစ်ပြည်လုံးပျံ့နှံ့သွားတဲ့အထိ ကျနော်တို့ဆက်လုပ်မှာပဲ"

ပြီးခဲ့တဲ့ သြဂုတ်လက စစ်တပ်က အငြိမ်းစားအရာရှိတွေကို ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူးကစပြီး ပေးအပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မနက်ဖြန် နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်က တရားရုံးတွေမှာ ဖဲကြိုးအ၀ါတွေကို လိုက်လံဖြန့်ဝေသွားမယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ကျန်းမာရေးဝန်ကြီးဌာနကို စစ်တပ်က အငြိမ်းစားအရာရှိတွေ ရွှေ့ပြောင်းလာတဲ့ အတွက် ဆရာဝန်တွေက အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>