Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်ရှောင်စခန်းသို့ အရပ်ဝတ်ဖြင့် ရိက္ခာလာယူသော AA အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

$
0
0

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းနှင့် အခြားစစ်ရှောင်စခန်းများတွင် ရိက္ခာသယ်ယူရန်လာသည့် AA အဖွဲ့ဝင် ၁၅ ဦး အား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကြာညိုပြင် ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်တစ်ဦးက “သူတို့ AA အဖွဲ့ တွေက အရင်ကတည်းက ရွာတွေမှာ ရိက္ခာတွေ၊ ဆက်ကြေးငွေတွေတောင်းပြီး အစိုးရကို တော်လှန် နေတာ...အခုတိုက်ပွဲတွေက နေရာတိုင်းမှာဖြစ်နေတော့ ရွာသားတွေလည်း အားလုံးထွက်ပြေး ရတယ်၊ ရွာသားတွေမရှိတော့ သူတို့လည်းရိက္ခာမရှိတော့ဘူးပေါ့..ဒါကြောင့် အခုလို စစ်ဘေးရှောင် တွေကိုထောက်ပံ့တဲ့ရိက္ခာတွေကို သူတို့လာယူကြတာ...”ဟု ပြောဆိုခဲ့သည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၏ ပြောကြားချက် အရ ယခုအဖမ်းခံရသော AA သောင်းကျန်းသူများမှာ သရက်ပြင်အုပ်ချုပ်ရေးမှူးနှင့် သရက်ပြင် ရွာသားတစ်ဦး၊ ပြင်ချောင်းရွာသား ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာသား ၂ ဦး၊ နေပူခံရွာ သားတစ်ဦး၊ ရေကောင်းချောင်းရွာသားတစ်ဦးနှင့် အခြားရွာများမှ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းသို့ စတင်အခြေချစဉ် ချင်းပြည်နယ် ပလက်ဝဒေသ၌ လှုပ်ရှား စဉ်အချိန်ကပင် ဒေသခံရွာသားများအား လက်နက်ပြ၍ ခြိမ်းခြောက်ပြီး ဆက်ကြေးငွေကောက်ခံ ခြင်း၊ ရိက္ခာတောင်းခံခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ARSA အဖွဲ့နှင့်ပူးပေါင်း၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများရောင်းချခြင်း လုပ်ငန်းများလည်း လုပ်ကိုင်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ရဲကင်းစခန်းများအား AA အဖွဲ့မှ တိုက်ခိုက်ပြီးနောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲများပြင်းထန်ခဲ့သည်။ တိုက်ပွဲများတွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှုများနေသည့်အပြင် ဒေသခံရွာသားများထံမှလည်း ရိက္ခာရရှိမှုမရှိသဖြင့် ယခု ကဲ့သို့ စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့သော ရိက္ခာများကို ရွာသားဟန်ဆောင်၍ လာရောက် ယူဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထွန်းဝေ
ရခိုင်/မြန်မာ သတင်းစုံ

Viewing all articles
Browse latest Browse all 13796

Trending Articles