Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆီးရီးယားနဲ့ တခြားဒုက္ခသည်ဦးရေ တိုးပြီး အမေရိကန်လက်ခံမည်

$
0
0
ဥရောပတိုက်အတွင်းက တိုင်းပြည်တွေအနေနဲ့ နိုင်ငံအလိုက် ခွဲတမ်းနဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁ သိန်း ၆ သောင်းအထိ လက်ခံပေးသွားဖို့ အစီအစဉ် ချမှတ်နေတဲ့အချိန်မှာပဲ ဆီးရီးယားနဲ့ တခြား ဒေသတွေက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုးမြှင့် လက်ခံသွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနဲ့ ဥရောပတိုက်မှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ အရေအတွက် ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုတာကို အလေးအနက်ထား စဉ်းစားနေကြောင်း လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ အဲဒီကိစ္စကို အသေအချာ စိစစ်နေတယ်လို့လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။

သမ္မတ Barack Obama အနေနဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုပေးဖို့ အရေးပါတဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ John McCain က ၀န်ကြီးကယ်ရီနဲ့ တွေ့ဆုံအပြီး အထက်လွှတ်တော် စည်းဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။

ဂရိနိုင်ငံကို ဦးတည်လာနေတဲ့ သူတို့ရဲ့ ရာဘာလှေ မှောက်သွားရာက မိခင်ဖြစ်သူနဲ့ ၅ နှစ်အရွယ် အကိုတို့နဲ့အတူ သေဆုံးသွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် ဆီးရီးယားနိုင်ငံသား Alan Kurdi ရဲ့ ပုံကြီးချဲ့ထားတဲ့ အနီးကပ် ဓာတ်ပုံ နဘေးမှာရပ်ပြီး အထက်လွှတ်တော်အမတ် John McCain က ပြောလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုက ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည်အများဆုံး လက်ခံခဲ့တဲ့ ထိပ်ဆုံး ၃ နိုင်ငံကတော့ အီရတ်နိုင်ငံက ၂၈% ၊ မြန်မာနိုင်ငံက ၂၃% ၊ ဘူတန်နိုင်ငံက ၁၃% တို့ဖြစ်ကြပြီး ဆီးရီးယားနိုင်ငံကတော့ အဆင့် ၂၆ မှာ ရှိတယ်လို့ ဆိုပါတယ်။


Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>