Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သံဃာတော်များဆွမ်း ကပ်ရန်အကြောင်းပြကာလိမ်လည်အလှူခံသူ(၂)ဦးအားဘားအံမြို့မရဲစခန်းမှဖော်ထုတ်ဖမ်းဆီးအရေးယူ

$
0
0
ဘားအံမြို့ပေါ်ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ ထွေ/အုပ်ဝန်ထမ်းဟုပြောကာ သံဃာတော် များအား
ဆွမ်းကပ်ရန်အကြောင်းပြ၍ အလှူငွေများ လိမ်လည်ကောက်ခံခဲ့သည့် အမျိုးသား(၂)ဦးအား ဘားအံမြို့မ
ရဲစခန်းမှဖော်ထုတ်ဖမ်းစီးအရေးယူ ခဲ့သည့်ဖြစ်စဉ်တစ်ခုစက်တင်ဘာလ (၉)ရက်နေ့တွင် ဘားအံမြို့၌ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်မှာ (၉-၉-၂၀၁၅) ရက်နေ့ (၀၉၃၀) အချိန်ခန့်တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့၊ဘားအံမြို့မ
ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်မြင့်သည်ရဲစခန်းတွင် စခန်းမှူးတာဝန်များဆောင်ရွက်နေစဉ်
ဘားအံမြို့၊အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်းရှိ လူမှုရေးသုတေသနရုံးသို့ အမျိုးသား(၂)ဦး
ရောက်ရှိလာပြီး ၎င်းတို့(၂)ဦးမှာ ထွေ/အုပ်မှဝန်ထမ်းများဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အသစ်နှင့်သံဃာတော်
များအားပိုမိုရင်းနှီးစေရန်အတွက် သံဃာအပါး (၁၀၀၀)အား (၁)ပါးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့်
လူဒါန်းနိုင်ရန်အတွက်အလှူငွေများလာရောက်ကောက်ခံခြင်းဖြစ်ကြောင်း ယုံကြည်အောင်
ပြောဆို၍ အလှူငွေများကောက်ခံသွားကြောင်း သတင်းအရ စခန်းမှူးဦးစီးသည့်အဖွဲ့မှ သက်သေ များနှင့်အတူ အဆိုပါအမျိုးသား(၂)ဦးအားလိုက်လံ ရှာဖွေ၍ လူမှုရေးသုတေသနရုံးသို့ ခေါ်ဆောင် လာပြီး
စစ်ဆေးမေးမြန်းခဲ့ရာ ရဲအောင်၊၂၈နှစ်၊ (ဘ)ဦးငွေရ၊ကျဘမ်းလုပ်၊ ဘုတ်ကျောင်း
လမ်း၊ရေစုရပ်ကွက်၊မုတ္တမမြို့၊အပေါင်မြို့နယ် မွန်ပြည်နေသူနှင့် တစ်ရပ်ကွက်ထဲနေဆန်းဝင်း၊
၅၅နှစ်၊ (ဘ)ဦးစိန်ရင်၊ ကျဘမ်းလုပ်ကိုင်သူတို့ဖြစ်ကြောင်းမေးမြန်းသိရှိရပြီး ၎င်းတို့(၂)ဦးအား စစ်ဆေးရာ
 ပြည်သူ့သူ့ဝန်ထမ်းအယောင်ဆောင်၍ကိုယ်ကျိုးအတွက်ငွေများလိမ်လည်ကောက်ခံခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ဆက်လက်ပြီးစခန်းမှူးမှ သက်သေများရှေ့ ဆန်းဝင်းနှင့်ရဲအောင်တို့(၂)ဦးအားရှာဖွေရာ
ရဲအောင်ကိုင်ဆောင်ထားသော အနက်ရောင်အိတ်တစ်လုံးအတွင်မှ အေးသာယာဘုန်းတော်ကြီး
သင်ပညာရေးကျောင်း၊ အမှတ်(၄)ရပ်ကွက်၊မြဝတီမြို့ပါစာသားများရေးထွင်းထားသည့်တံဆိပ်တုံး
အဝိုင်း(၁)ခု၊ ဘ/ကပညာရေးအကျိုးတော်ဆောင်ဦးရဲအောင်(တာဝန်ခံ)မြေနီကုန်းရပ်၊မြဝတီမြို့
စာသားပါတံဆိပ်တုံး(၁)ခု၊ အင့်ပက်(၁)ခု၊ အလှူခံဘောင်ချာဖြတ်ပိုင်းစာအုပ်(၃)အုပ်၊ ငွေစက္ကူရောရာ(၂၀၀၀၀၀)ကျပ်၊ဆင်းကဒ်ပါ Huaweiအမျိုးအစားဟန်းဆက်(၁)လုံး၊ ပညာရေးဌာနသို့အလှူခံရန်ကိစ္စနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊သံဃာတော်များအား ဆွမ်းကပ်ရန်အတွက် အလှူရှင်အမည်နှင့် သံဃာတော်အပါးအရေအတွက်များရေးမှတ်ထားသည့် စာရွက်စာတမ်းများအားတွေ့ရှိရ၍ စခန်းမှူးမှရှာဖွေ
ပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူး ဒုတိယရဲမှူးခင်မောင်မြင့်မှ ထွေ/အုပ်ဝန်ထမ်းဟုလိမ်လည်ပြော
ဆိုပြီး သံဃာတော်များဆွမ်းကပ်ရန်အကြောင်းပြကာ တံဆိပ်တုံးနှင့်စာရွက်စာတမ်းများအတုပြု
လုပ်ပြီး အလှူငွေများလိမ်လည်ကောက်ခံ၍ ကိုယ်ကျိုးအတွက်သုံးစွဲသူ ရဲအောင်နှင့်ဆန်းဝင်းတို့(၂)
ဦးအား ၉၊၉၊၂၀၁၅ ရက်နေ့ ၁၉၁၅ အချိန်ဘားအံမြို့မရဲစခန်းတွင်တရားလိုပြုလုပ်တိုင်တန်းရာ ဘားအံမြို့မ ရဲစခန်း (ပ)၂၀၉/၂၀၁၅၊ပြစ်မှုပုဒ်မ၄၆၈/၄၂၀/၁၇၀ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီးအမှုအား ဒုရဲအုပ်
 မောင်မောင်လှမှ စစ်ဆေးဆောင်ကာ အမှုစစ်မှတရားခံရဲအောင်နှင့်ဆန်းဝင်းတို့(၂)ဦးအား ၁၉၂၅
အချိန်အမှုဖြင့်ဖမ်းဆီး၍ ကျန်ရှိသည့်ရဲလုပ်ငန်းများအားဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
သိရှိရပါသည်။
Copy from ဘားအံ သတင်း,via Lwin Oo




Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...