Quantcast
Viewing all articles
Browse latest Browse all 13796

ကျားပေါက် Vs ပိုးဖြူသန့်


အဆိုတော်ဟန်ထူးလွင်က ကိုယ်ကြိုက်တဲ့အဆိုတော်ထဲပါတယ်.. အလယ်တန်းကျောင်းသူဘဝက သူ့သီချင်းတွေ အင်းလျားလမ်းက ပန်းဆိုင်တို့ ပြဇာတ်မဟုတ်သောပြဇာတ်တို့ အခေါက်ခေါက်အခါခါ နားထောင်တဲ့အထိ ကြိုက်တော့ ဖဘမှာ သူ့အကောင့်မြင်တော့လည်း သွားအက်သေးတယ်.. မရတော့ သူ့မိန်းမအကောင့်ပဲ ကောက်အက်ခဲ့လိုက်တယ်..

နောက် သူ့အမျိုးသမီးက အောင်ရဲထွေးအမှုမှာ လူသတ်တရားခံသုံးယောက်ထဲက တစ်ယောက်ပုံကို like ထားတော့ စိတ်ထဲကလိကလိ.. လူတွေက ဝိုင်းပြောတော့ သူ့အမျိုးသမီးကိုယ်တိုင်တောင် မှား like မိတာဆိုလား လာမန့်သွားသေးတယ်.. တခြားသူဆို တန်းအန်မှာဆိုပေမယ့် သူ့ကိုတော့ အင်း မှားထိတာလည်း ဟုတ်မှာပါ၊ လူသတ်ကောင်ကို တမင်တော့ အားမပေးလောက်ပါဘူးဆိုပြီး မအန်မိဘူး..

ဒီကြားထဲက ဖရန့်ဖြစ်နေတော့ သူတင်တဲ့ပုံတွေလည်း မြင်ရတာပဲ.. သူ့လူနေမှုဘဝ သူကြိုက်တဲ့သူပေါင်းတာ ကိုယ်စွက်ဖက်စရာမရှိပေမယ့် ရေချယ်လ်တေဇပုံတွေတော့ ကိုယ့်နယူးဖိမှာ ခဏခဏမမြင်ချင်တာနဲ့ အန်လိုက်မိတယ်.. အဲ့ဒါပဲ.. အဲ့ဒီကိစ္စလည်း ခင်ညွှန့်ပို့စ်အောက်မှာ စကားစပ်မိလို့ မန့်ဖြစ်တာ.. ကိုယ်တကူးတကအပ်ထားရသူကို အန်မိရတာကိုး..

ကိုယ်ကဖြင့် သူ့မိန်းမရော သူ့ကိုတောင် နာမည်ထည့်မရေးထားဘူး.. အဆိုတော်တစ်ယောက်လို့ပဲ ရေးထားတာ.. တခြားဘာမှလည်း မိုက်မိုက်ရိုင်းရိုင်းမပြောမိသလို ဘာမှလည်း မဆဲဘူး.. အဲ့ဒါကို ဘာကိစ္စ မိုက်တဲ့ကောင် လွှတ်လိုက်လုပ်နေလဲလည်း မသိဘူး.. ဘယ်သူက ဘယ်သူ့ကို cyber bully လုပ်တယ်တောင် မကွဲတော့ဘူး.. Report လည်း ထုခဲ့တယ်.. လိုအပ်ရင် တရားစွဲ ရဲပါတိုင်ဦးမယ်..

ဟန်ထူးလွင်- ကျမ ရှင့်ကိုမဆဲသလို ရှင့်မိန်းမကိုလည်း ဘာမှ မစော်ကားထားဘူးနော်.. ရှင် သိပ်သတ္တိရှိရင် ရှင်တင်ထားတဲ့ စတေးတပ်စ် မဖျက်နဲ့.. တရားစွဲမယ်.. လုပ်ကြည့်လိုက်..
ပိုးဖြူသန့်



Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>