Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျိုက်ထိုမြို့ရှိ One Stop Mart ကို သေနတ်ကိုင်၍ လုယက်သူ ၂ ဦးအား ညတွင်းချင်း ဖမ်းဆီးရမိ

$
0
0

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဗိုလ်ချုပ်လမ်း၊ စည်ပင်သာယာရုံးဝန်းရှေ့ရှိ One Stop Mart စတိုးဆိုင်အား AK 47 သေနတ်ကိုင်ဆောင်၍ လုယက်သွားသူ ၂ ဦးကို ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့က ညတွင်းချင်း ဖမ်းဆီးရမိ လိုက်ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှ သိရှိရသည်။

"သူတို့က ဆိုင်ထဲဝင်လာပြီး သေနတ်ပြပိုက်ဆံတောင်းတယ်။ ဆိုင်ကမရှိဘူးပြောလို့ နှိုက်ယူသွားတယ်။ သေနတ်ကကျတော့ မြဝတီဘက်က ဝယ်လာတာ သူတို့ကို လောလောဆယ် ဖမ်းဆီးအရေးယူထားပါတယ်။''ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ပြောသည်။

ကျိုက်ထိုမြို့တွင် ၂၄ နာရီဖွင့်လှစ်ထားသည့် One Stop Mart ဆိုင်၌ ဇန်နဝါရီ ၁၅ ရက်၊ ည ၁၁း၀၀ နာရီခန့်က မျက်နှာဖုံးစွပ်လူ ၂ ဦး သေနတ်ကိုင်ဆောင်၍ ဝင်ရောက်လာကာ ဆိုင်မှငွေနှင့် ဈေးဝယ်လာသူ၏ ဆိုင်ကယ်အား လုယူထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်တာကတော့ ဟုတ်တယ်၊ စည်ပင်ရုံးရှေ့က ညလုံးပေါက် ဖွင့်တဲ့ဆိုင်မှာဖြစ်တာ၊ ဈေးဝယ်လာတဲ့ပုံစံနဲ့ သေ နတ်ပြပြီး ပိုက်ဆံတွေယူသွားတယ်။ ပြီးတော့ ဈေးလာဝယ်သူတစ်ယောက်ရဲ့ ဆိုင်ကယ်ပါ ယူသွားတယ်။ ကင် မွန်းစခန်းအနီးက ဦးစိုးဝင်း ဇရပ်မှာပြန်မိတယ်လို့တော့ကြားတယ်။''ဟု တောင်သူစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်က ပြောသည်။

One Stop Mart စတိုးဆိုင်ဝန်ထမ်း သဉ္ဇာအေးနှင့် ဇင်ပိုင်ဖြိုးတို့(၂)ဦးသည် ဆိုင်အတွင်းဈေးရောင်းနေစဉ် မျက် နှာဖုံးစွပ်လူ ၂ ဦး သေနတ်ကိုင်၍ ဆိုင်အတွင်းဝင်ရောက်လာကာ ဆိုင်ကောင်တာတွင်ထိုင်နေသည့် မသဉ္ဇာ အေးထံမှ ငွေများတောင်းခံသဖြင့် မသဉ္ဇာအေးက မရှိကြောင်း ပြန်ပြောစဉ် မျက်နှာဖုံးစွပ် ၂ ဦးက ကောင်တာ အံဆွဲအတွင်းမှ ဈေးရောင်းရသည့် ငွေများနှိုက်ယူ၍ ဆိုင်ကယ်သော့ ထပ်မံတောင်းခံရာ မသဉ္ဇာအေးက မရှိကြောင်း ပြောဆိုနေစဉ် ဆိုင်သို့ ဈေးဝယ်ရန်လာသူ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်သော့လုယူ၍ ၎င်းဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်း ဇင်ပိုင်ဖြိုးက ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၂ နာရီခန့်တွင် ကျိုက်ထို မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့ဝင်မြို့ထွက်လမ်း များအား အစုအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေခဲ့သည်။

ထိုစဉ် ကျိုက်ထို-ကင်မွန်းစခန်းလမ်းအတိုင်း အရှိန်ပြင်းစွာမောင်းနှင်သွားသော ဆိုင်ကယ်တစ်စီးအား မသင်္ကာ သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကင်မွန်းချောင်းကျေးရွာအနီး ဦးစိုးဝင်းဇရပ်နားတွင် မသင်္ကာဖွယ်လူ ၂ ဦးအားတွေ့ ရှိသဖြင့် စစ်ဆေးရာ ပြစ်မှုကျူးလွန်သူ ၂ ဦးဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးမှာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်နေ ရဲထက်(၂၃)နှစ်နှင့် သန်လျင်မြို့နေ အောင်ကိုကိုဦး (၂၀)နှစ်ဖြစ်ပြီး ၎င်းတို့ စတိုးဆိုင်မှယူဆောင်သွားသော ငွေကျပ် ၂ သိန်းကျော်နှင့် AK 47 သေနတ်တစ်လက်၊ ကျည်အတောင့် ၄၀၊ ကျည်အိမ်တစ်ခု၊ အခင်းဖြစ်ရာတွင်လုယူသွားသော ဆိုင်ကယ် ၁ စီးတို့ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ရဲထက်နှင့် အောင်ကိုကိုဦးတို့ နှစ်ဦးအား ကျိုက်ထိုမြို့မ ရဲစခန်းက (ပ)၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper

Viewing all articles
Browse latest Browse all 13796

Trending Articles