Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မျောက်အုပ် ၀င်ရောက် ဖျက်ဆီး မှုကြောင့် မြ၀တီ ဒေသခံ ပြောင်းခင်း ပိုင်ရှင်များ အခက်ကြုံနေရ

$
0
0

 စက်တင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အတွင်းရှိ ရသေ့ဂူရွာတွင် စိုက်ပျိုးထားသော ပြောင်းခင်းများ အတွင်း ပြီးခဲ့သည့် ရက်အနည်းငယ် က မျောက်များ ၀င်ရောက် ဖျက်ဆီးမှုကြောင့် ပြောင်းခင်းပိုင်ရှင် ဒေသခံများမှာ အခက်ကြုံနေရသည်ဟု ၎င်းတို့၏ ပြောပြချက် အရ သိရှိရသည်။

ယင်းဖြစ်စဉ်အပေါ် ပြောင်းခင်း ပိုင်ရှင်တစ်ဦးဖြစ်သူ စောချစ်ဦးက “ဒီမျောက်တွေက မကြာမကြာ လာတယ်။ ကျနော့် ပြောင်းခင်း က အရင်စိုက်ထားတော့ အဖူးတွေ ရှိနေပြီ။ ကျနော့်အခင်းမှာ အပင်တစ်ရာလောက် ပျက်စီးသွားတယ်”ဟု ကေအိုင်စီသို့ ပြော ဆိုသည်။

ပြောင်းခင်းများကို ၀င်ရောက်ဖျက်ဆီးသည့် မျောက်များမှာ အကောင်ရေအားဖြင့် ၃၀ နှင့် ၄၀ကြားတွင်ရှိမည်ဟု ခန့်မှန်းရပြီး တာ့ခေါ်ကျိုးတောင်ပေါ်မှ ဆင်းလာကာ တောင်အောက်တွင် စိုက်ပျိုးထားသော ပြောင်းခင်းများကို ၀င်ရောက်ဖျက်ဆီးခြင်း ဖြစ် ကြောင်း ဒေသခံများက ပြောသည်။ ပျက်စီးသွားသည့် ပြောင်းခင်းများ၏ အနီးအနားတွင် အခြားသော ပြောင်းခင်းများလည်း ရှိနေသည့်အတွက် မျောက်များ ထပ်မံ ၀င်ရောက်လာဦးမည်ကိုလည်း ပြောင်းခင်းပိုင်ရှင်များက စိုးရိမ်နေကြသည်။

ရသေ့ဂူရွာအုပ်ချုပ်ရေးမှူး စောကပရိုဝါးက “ဒီဖြစ်စဉ်က နှစ်တိုင်းလိုလိုဖြစ်တယ်။ ပြောင်းဖူး ဖူးချိန်ဆို သူတို့ ခနခနပဲ ၀င်တယ်။ မုဆိုးတွေရော ရွာကလူတွေရော တခါတခါ လိုက်တယ်။ ဒီလိုလာမဖျက်ဖို့ကတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှမလုပ်တတ်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့ကလည်း ယင်းဒေသရှိ တောင်ယာနှင့် ပြောင်းခင်းများအတွင်း တောဆင်ရိုင်းများ ၀င်ရောက်မှု ကြောင့် တောင်ယာနှင့် ပြောင်းခင်းအချို့ ပျက်စီးမှုရှိခဲ့ပြီး အဆိုပါဆင်များမှာလည်း ရိုးရာယုံကြည်မှုအရ တနှစ်လျှင်တစ်ကြိမ် တောင်အောက်သို့ ဆင်းလာလေ့ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 စဖန်းရှောင်း
ကေအိုင်စီ
http://kicnews.org

Viewing all articles
Browse latest Browse all 13796

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


TTA Oreo Gapp Installer


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း