Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
အသက် ၁၆ နှစ်အရွယ် သမီးကို ဇနီးနဲ့ မှားလို့ဆိုပြီး ဖခင်အရင်းမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွာ
$
0
0
Unicode ဖြင့်ဖတ်ရန်
သမီးအရင်းကိုဇနီးနဲ့ မှားတယ်လို့ အကြောင်းပြကာ ဖခင်ဖြစ်သူမှအကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးအရင်းအား ကိုယ်၀န်ရရှိစေသည်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာ၌နေထိုင်သော တရားလို၊ (၄၄)နှစ်၏သမီးဖြစ်သူ မး ၁၆ နှစ်ခန့်မှာကိုယ်၀န်ရရှိနေ
ကြောင်း ဇန်နဝါရီလ ၂၆ ရက်တွင် အိမ်နီးချင်းများ၏ ပြောပြချက်အရ သိရသဖြင့် နေအိမ်သို့ခေါ်ဆောင်ကာသားအမိနှစ်ဦးတည်းရှိနေစဉ်ချော့မော့၍ မေးမြန်းခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။
ထိုအခါမှ သမီးဖြစ်သူက မိခင်အား ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (ရက်မမှတ်မိ) ည ၈နာရီခန့်က နေအိမ်အိပ်ခန်း၌ တစ်ဦးတည်းအိပ်
နေစဉ် ဖခင်ဖြစ်သူ ဦးခင်ဇော်၊ (၅၉)နှစ်က ၀င်လာပြီး ခြိမ်းခြောက်၍အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ယင်းနောက်တွင် တစ်လစီသာခြား၍ နောက်ထပ် နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သောကြောင့် ရရှိသည့် ကိုယ်၀န်ဖြစ်ကြောင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“အခင်းဖြစ်ပွားပုံကတော့ သမီးအရင်းကို ပြီးခဲ့တဲ့ ၉ လပိုင်းလောက်ကစော်ကားသွားတဲ့အပြင် နောက်ထပ်လည်း အလားတူအဓမ္မပြုကျင့်သွားတာလို့ သိရပါတယ်။
စစ်မေးချက်အရကတော့ တရားခံက ဇနီးဖြစ်သူနဲ့ မှားလို့ပါဆိုပြီး အကြောင်းပြချက်ပေးထားပါတယ်။အခုတော့ အမှုဖွင့်ပြီးတရားစွဲတင်ဖို့ ဆောင်ရွက်နေပါပြီ။ သမီးဖြစ်သူရဲ့အသက်ကတော့ အခုမှ ၁၆ နှစ်လောက်ပဲရှိဦးမယ်ဗျ။
တောင်သူ၊ တောင်သားတော့ အသက်အတ်အကျမှတ်ထားတာမရှိဘူး။ကိုယ်၀န်ကတော့ ၅ လရှိပြီ” ဟု ကျောင်းကုန်းမြို့ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက အကုန်သိ
သတင်းဌာနသို့ပြောသည်။အမှုနှင့်ပတ်သက်၍ ဦးခင်ဇော်၊ (၅၉)နှစ်ကို ကျောင်းကုန်းမြို့မရဲစခန်းမှ ဇန်နဝါရီလ ၂၇ ရက်တွင်ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။- ဒါးဇ(အကုန်သိသတင်းဌာန)
Viewing all articles
Browse latest Browse all 13796
Trending Articles
မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း
တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...
TTA Oreo Gapp Installer
ရဟန်းနှင့် ဘွဲ့ဒီဂရီ
ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ
ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...
ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)
ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ
သမာဝတီ၏ မေတ္တာအစွမ်း။
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>