Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သမီးလွေက်းရြာမွ က်ည္ဆံထိမွန္ ကေလးငယ္ ရန္ကုန္ယူစဥ္ လမ္းတြင္ ကြယ္လြန္

$
0
0

နိရဥၥရာ၊ ဇန္န၀ါရီ ၂၈

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ျမိဳ႕နယ္၊ သမီးလွရြာသစ္ေက်းရြာမွ က်ည္ဆံထိမွန္၍ ဦးေခါင္းတြင္ ဒဏ္ရာရရွိသြားေသာ ကေလးငယ္ ေမာင္ႏိုင္စိုးမွာ စစ္ေတြကေန ရန္ကုန္သို႕ ကားျဖင့္ ယူစဥ္ ေက်ာက္ေတာ္အေရာက္တြင္ ကြယ္လြန္သြားျပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။

“ စစ္ေတြ ေဆးရံုကို စေနေန႕ ကေရာက္တယ္။ ဒီကေန႕ ကေလးရဲ႕ အေျခအေနက မေကာင္းတဲ့ အတြက္ ရန္ကုန္ကို ပို႕ရတယ္။ ရန္ကုန္ပို႕ရတာက ကားနဲ႕ ဆိုေတာ့ ဒီကေန႕ ညေန ၇ နာရီ ၄၅ မိနစ္ေလာက္မွာ ေက်ာက္ေတာ္အေရာက္မွာ ကြယ္လြန္သြားတယ္လို႕ သိရပါတယ္” ဟု ၎ကေလးငယ္၏ အေရးကို ေဆာင္ရြက္ေပးေနသူ ဆရာ ဦးသန္းထြန္းက ေျပာဆိုသည္။

ေသဆံုးသြားသူ ေမာင္ႏိုင္စိုး (၇) ႏွစ္မွာ ဦးေက်ာ္ေက်ာ္ႏိုင္၏ သားျဖစ္ျပီး ဇန္န၀ါရီ ၂၆ ရက္ေန႕က သမီးလွ ရြာသစ္ေက်းရြာအနီးတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲတြင္ ဦးေခါင္း ညာဘက္ နားထင္ အနီး က်ည္ဆံ ထိမွန္ခဲ့သည္။

၎ေနာက္ ရေသ့ေတာင္ေဆးရံုသို႕ တင္ပို႕ခဲ့ရျပီး ရေသ့ေတာင္ေဆးရံုမွ စစ္ေတြ၊ စစ္ေတြမွ ရန္ကုန္သို႕ ယူေဆာင္ရာတြင္ ယေန႕ ည ၇နာရီေက်ာ္ အခ်ိန္တြင္ ကြယ္လြန္သြားျခင္း ျဖစ္သည္။

သူ၏ အေလာင္းအား စစ္ေတြျမိဳ႕သို႕ ျပန္လည္ ယူေဆာင္လာေၾကာင္း သိရသည္။
Narinjara

နိရဉ္စရာ၊ ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်ကျေးရွာမှ ကျည်ဆံထိမှန်၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသော ကလေးငယ် မောင်နိုင်စိုးမှာ စစ်တွေကနေ ရန်ကုန်သို့ ကားဖြင့် ယူစဉ် ကျောက်တော်အရောက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ စစ်တွေ ဆေးရုံကို စနေနေ့ ကရောက်တယ်။ ဒီကနေ့ ကလေးရဲ့ အခြေအနေက မကောင်းတဲ့ အတွက် ရန်ကုန်ကို ပို့ရတယ်။ ရန်ကုန်ပို့ရတာက ကားနဲ့ ဆိုတော့ ဒီကနေ့ ညနေ ၇ နာရီ ၄၅ မိနစ်လောက်မှာ ကျောက်တော်အရောက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်” ဟု ၎င်းကလေးငယ်၏ အရေးကို ဆောင်ရွက်ပေးနေသူ ဆရာ ဦးသန်းထွန်းက ပြောဆိုသည်။

သေဆုံးသွားသူ မောင်နိုင်စိုး (၇) နှစ်မှာ ဦးကျော်ကျော်နိုင်၏ သားဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့က သမီးလှ ရွာသစ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဦးခေါင်း ညာဘက် နားထင် အနီး ကျည်ဆံ ထိမှန်ခဲ့သည်။

၎င်းနောက် ရသေ့တောင်ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ရသေ့တောင်ဆေးရုံမှ စစ်တွေ၊ စစ်တွေမှ ရန်ကုန်သို့ ယူဆောင်ရာတွင် ယနေ့ ည ၇နာရီကျော် အချိန်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

သူ၏ အလောင်းအား စစ်တွေမြို့သို့ ပြန်လည် ယူဆောင်လာကြောင်း သိရသည်။
Narinjara

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ေျခလ်င္ႏွင့္ေျချမန္တပ္ရင္းမ်ားကြာျခားပံု


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


က်မသာလွ်င္ ဗိုလ္ခ်ဳပ္ေန၀င္း၏မယားၾကီးပါ(ပိတ္ေစ အမိန္႔မွ သတင္းအစမ်ား)


TTA Oreo Gapp Installer


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


“မွတ္ပံုတင္ႏွင့္ လေပးမွသည္ အေပါင္ဆိုင္သို ့”


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>