Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားရဲ့ ပုံတွေကို ဖျော်ဖြေပွဲတွေမှာ ဖော်ပြခဲ့ဖူးတာကြောင့် ဘေဂျင်းနဲ့ ရှန်ဟဲ က Bon Jovi ဖျော်ဖြေပွဲ ဖျက်သိမ်းခံရ

$
0
0



ရော့ခ်တီးဝိုင်း Bon Jovi ရဲ့ ဂီတဖျော်ဖြေပွဲနှစ်ပွဲကို တရုတ်အစိုးရက ဖျက်သိမ်းပစ်လိုက်ပါတယ်။ Bon Jovi ဟာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားရဲ့ ရုပ်ပုံတွေကို အရင်ပွဲတွေမှာ ဖော်ပြခဲ့ဖူးတာကြောင့် ဖျက်သိမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

နာမည်ကြီးအမေရိကန်တီးဝိုင်း Bon Jovi ဟာ ဘေဂျင်းနဲ့ ရှန်ဟဲ မြို့ တို့ မှာ ဖျော်ဖြေဖို့ ရက်သတ်မှတ်ပြီး ပေမယ့် အဆိုပါဖျော်ဖြေပွဲတွေကို အင်္ဂါနေ့ က ဖျက်သိမ်းခဲ့ပြီး လက်မှတ်ရောင်းချမှုတွေကိုလည်း ရုတ်တရက် ရပ်ဆိုင်းခဲ့ပါတယ်။

လက်မှတ်ရောင်းချသူ Damai.cn က သူတို့ ဟာ လက်မှတ်ရောင်းချမှုကို ဖျော်ဖြေပွဲစီစဉ်သူတွေရဲ့ တောင်းဆိုမှုကြောင့် ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကာ ဘာကြောင့် အခုလို ရပ်ဆိုင်းစေခဲ့လဲ ဆိုတာကိုတော့ မရှင်းပြခဲ့ဘူးလို့ ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် ခိုင်မာတဲ့သတင်းရင်းမြစ်တွေအရ၊ တရုတ်အာဏာရှင်အစိုးရဟာ ပြည်နှင်ဒဏ်ပေးထားတဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားရဲ့ ဗီဒီယိုတစ်ခုကို Bon Jovi တို့ က အရင်ပွဲတွေမှာ ပြသခဲ့ဖူးတာကို သိရှိခဲ့ပြီးနောက် အခုလို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် Bon Jovi ရဲ့ ၂၀၀၉ ခုနှစ် ဂီတဗီဒီယို ‘We Weren’t Born to Follow’ မှာလည်း ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့ လည်ခေါင်၊ တိန်အန်မင်ရင်ပြင်မှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှု  အကြောင်း ပုံရိပ်တွေ ပါဝင်ခဲ့တာကိုလည်း တွေ့ ရှိခဲ့တာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အစိုးရဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိခိုက်စေမယ့် ဖျော်ဖြေမှုမျိုးကို တားမြစ်ထားပြီး ပွဲမှာ သီဆိုမယ့်သီချင်းတွေနဲ့ စာသားတွေကို တည်းဖြတ်စိစစ်လေ့ရှိပါတယ်။

ဒီ့အပြင် ဖျော်ဖြေမယ့်အနုပညာရှင်တွေဟာလည်း လူ့ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ တွေလိုမျိုး တခြား နိုင်ငံရေး အဖွဲ့ တွေနဲ့ ပတ်သက်မှုတွေမရှိရကြောင်း သိရှိရပါတယ်။

Bon Jovi ကို ထူးထူးခြားခြားကြည့်ခွင့်ရဖို့ မျှော်လင့်နေကြတဲ့ တရုတ်ဂီတပရိတ်သတ်တွေဟာ သူတို့ ရဲ့ မကျေမချမ်းပေါက်ကွဲမှုကို တရုတ် ဆိုရှယ်နက်ဝပ်ခ် Weibo မှာ တင်ခဲ့ကြပြီး တစ်ယောက်က
“ ကမ္ဘာ့လူဦးရေအများဆုံးနဲ့ စီးပွားရေးအင်အား ဒုတိယအများဆုံး နိုင်ငံကြီးက သီချင်းအပိုဒ်လေး နည်းနည်းကို ကြောက်နေတယ်ပေါ့” လို့ သရော်ခဲ့ပါတယ်။ 

ဂျူလိုင်လတုန်းကလည်း Pop တီးဝိုင်း Maroon 5 တီးဝိုင်းအဖွဲ့ ဝင်တစ်ယောက်ဟာ ဒလိုင်းလားမားနဲ့  သွားတွေ့ ဆုံခဲ့တာကြောင့် တရုတ်နိုင်ငံမှာဖျော်ဖြေခွင့်ပြုပြီး အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။


(Ye Wint)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Dailymail

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>