Quantcast
Viewing all articles
Browse latest Browse all 13796

ကျောင်းသားသပိတ်စခန်းဖြိုခွင်းသူတွေကို အရေးယူပေးဖို့ တိုက်တွန်း


 အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို ဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ကို မလိုက်နာဘဲ ကျော်လွန်ပြီး ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ လူ့အခွင့်အရေးကော်မရှင်က သူတို့လေ့လာတွေ့ရှိချက်၊ မေးမြန်းချက်တွေကို အခြေခံပြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

"အဓိကရုဏ်းဖြစ်တဲ့အချိန်မှာ ရိုက်နှက်တာတို့ EU နည်းနဲ့ တဆင့်ပြီးတဆင့် အဓိကရုဏ်းနှိမ်နင်းမှု မရှိဘူးပေါ့နော်၊ အဆင့်အတိုင်း မသွားတဲ့အတွက်ကြောင့် သူတို့မှာအပေါ်ကကွပ်ကဲတဲ့လူမှာလည်း တာဝန်ရှိတယ်၊ အောက်က အမိန့်မနာခံတဲ့လူတွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို ရဲတပ်ဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ပြောကြားခြင်းဖြစ်တယ်၊ နောက်ပြီးတော့ ဖြစ်စဉ်မှာပါဝင်ပြီးတော့ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ပြီးတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့လူတွေကို ဖော်ထုတ်အရေးယူဖို့ ကျတေန်ာတို့ တိုက်တွန်းခြင်းဖြစ်ပါတယ်"

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကို ရေသန့်ဗူးနဲ့ စတင်ပစ်ခဲ့သူတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ယာယီတဲတွေနဲ့ အတားအဆီးတွေ ကို ဖျက်ဆီးသူတွေ၊ တုတ်၊ ခဲတွေနဲ့ ပစ်ပေါက်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ကိုဂျစ်တူးတို့ဟာ ကျောင်းတက်နေဆဲ ကျောင်းသားတွေဖြစ်တဲ့အတွက် စာမေးပွဲဖြေဖို့ အာမခံပေးဖို့ကိုလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သီးသန့်ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>