Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ချင်း နားအစက်ချဆေးရည်(လက်တွေ့)

$
0
0

အချိန်မတော်နားကိုက်၍ရုတ်တရပ်ဆေးဝယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစုဝင်များထဲတွင် ဖြစ်ဖူးတတ်ကြပါလိမ့်မည်။
ထိုသို့ဖြစ်ပါလျှင် ဆေးဖက်ဝင်အာနိသင်ဖြင့် ပြည့်ဝနေသော အိမ်တိုင်းမီးဖိုဆောင်တွင်ဆောင်     ထားတတ်သည့်သဘာဝချင်းကို သတိရကြပါ။
မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့်သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။ တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသောဂျင်းသတ္တုရည်ကို သန့်စင်သောစတီးဇွန်းထဲသို့ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။ နွေးနွေးလေးဆိုရပါပြီ။ ကိုက်နေသောနားအတွင်းသို့(၅) စက်မျှချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာပျောက်ကင်းသွားပါမည်။
ထိုနည်းမှာ ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်းခံစားဖူးသလို၊မိသားစုဝင်လူကြီး/ကလေးများ နားကိုက်ခြင်းဝေဒနာခံစားရပါက တင်ပြပါ ချင်းနားအစက်ချဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။
သင့်မိသားစုတွင်နားကိုက်ပါက ထူးထူးထွေထွေ     မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင်  အမြဲအသင့်ရှိနေတတ်သော  ချင်းတစ်မျိုးသာ လိုပါကြောင်း သိမီသမျှတင်ပြလိုက်ပါသည်။
အကိုးအကား
တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးရေးမှထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ အတွဲ(၁)
ရဲမျိုးသူ(ဗောဓိမြိုင်)

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ