Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

AAလက်နက်ကိုင်အဖွဲ့မှ ကုန်တင်ရေယဉ်တစ်စီးကို လက်နက်ကြီးဖြင့် ပစ်ချ

$
0
0

မတ်လ ၁၆--

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝအုပ်စု၊ ကျောက်ဖြာရွာဘက်အခြမ်းမှနေ၍ ကုလားတန်မြစ်ပေါ် ပြေးသွားနေသော ကုန်အပြည့်တင်ထားသော ရေယဉ်တစ်စီးကို လက်နက်မျိုးစုံဖြင့် ပစ်ခက်ခြင်းကြောင်း ရေယဉ်မီးလောင်နေလျက်ရှိကြောင်း သိရသည်။

"မနက် ၁၀နာရီလောက်က စပစ်တာ၊ လက်နက်ကြီးနဲ့
ဆယ်ချက်လောက်ပစ်ချတာ ကုန်စက်လှေလည်းအခုထိ မီးလောင်နေတုန်းပဲ။ လူစီးတဲ့လိုင်းစက်လှေတော့မဟုတ်ဘူး။ကုန်တွေတင်ထားတဲ့ ဘုတ်စက်လှေတစ်စီးပာ။ ပါလာတဲ့ လူတွေတော့ဘာမှမဖြစ်ဘူးလို့သိရတယ်။ လူတွေကိုတော့ ကယ်ပြီးသွားပြီနဲ့တူတယ်။ အခုလည်း စက်လှေက ရေအလယ်မှာ မီးခိုးတလူလူနဲ့လောင်နေတုန်းပဲ။ လောင်တာမီးမငြိမ်းနိုင်သေးဘူး"ဟု သဲမဝ ရွာသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

သေနတ်ကျည်ဆံများရွာထဲသစ်ပင်နှင့် အိမ်ထဲရှိထိုင်ခုံတစ်ခုကိုလည်း ထိမှန်ခြင်းကြောင်း တစ်ရွာလုံးကြောက်လန့်နေရပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ယင်းကဆက်ပြောသည်။

"ပစ်သံတွေအကျယ်ကြီး ကြားရတယ်။ ဘယ်မကြောက်ဘဲနေမလဲ။ တစ်ရွာလုံး အားလုံးထိတ်လန့်ကြောက်ရွံ့နေကြတာ၊ ပုန်းနေကြတာပဲ။ ဟု ပြောသည်။

သားအမိနှစ်ယောက် AAနှင့်ပက်ပင်းတိုး၍ ဖမ်းဆီးခေါ်သွားကြပြီဟု တစ်ရွာလုံးစိုးရိမ်နေရသော ၎င်းတို့နှစ်ဦးစလုံး ဘာမှမဖြစ်ဘဲ ရွာသို့ ပြန်ရောက်ပြီဖြစ်ကြောင်းလည်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့များသည် ကုလားတန်တစ်ဖက်ကမ်းမှနေ၍ ကုန်တင်စက်လှေ မီးပြာကျလောင်ကျွမ်းမကျွမ်း စောင့်နေသည့်သဘော သဲမဝရွာသားတစ်ဦးနှင့် ဖုန်းပြောဖြစ်သော မွန်းလွဲ ၂နာရီခန့်အထိ မြစ်တစ်ဖက်ကမ်းတွင် ရှိနေသေးကြောင်း သိရသည်။

သံပါးစပ်
ဓာတ်ပုံ - Ko Nay Min
Khumi Media Group

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ