Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး က်ည္ဆံထိမွန္

$
0
0

ေတာင္ဦးတြင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး က်ည္ဆံထိမွန္၍ ေျမာက္ဦးေဆးရံုသို႔ပို႔ေဆာင္ရ
ေနာင္ခိုင္ေအာင္ (ေျမာက္ဦး) နိရဥၥရာ၊ မတ္လ ၁၆/ ၂၀၁၉

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေတာင္ဦးေက်းရြာတြင္ ယေန႕ ေန႔လယ္ ၁ နာခြဲအခ်ိန္က စစ္တပ္က ပစ္လိုက္သည့္ ေသနတ္က်ည္ဆံ ကို္ယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦး ဘယ္ဘက္ေပါင္ကို ထိမွန္၍ ေျမာက္ဦးေဆးရံုသို႕ ပို႕ေဆာင္လိုက္ရသည္ဟု သတင္းရရွိသည္။

ဒဏ္ရာရသူ အမ်ိဳးသမီးမွာ ကိုေအာင္သန္း၏ ဇနီးျဖစ္သူ ေဒၚမူတေဘြ အသက္ (၂၂) ႏွစ္၊ ကရင္လူမ်ိဳး ျဖစ္ကာ ကိုယ္၀န္ ၆ လ ရွိျပီ ျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရျပီးေနာက္ တိမ္ညိဳေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း၊ ဆရာ၀န္မွ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ျဖစ္သျဖင့္ ေျမာက္ဦးေဆးရံုသို႔ပို႔ေဆာင္ရန္ ညြန္ၾကားေၾကာင္း၊ သို႕အတြက္ ယေန႔ ညေန ၅ နာရီ ခန္႔တြင္ ေျမာက္ဦးေဆးရံုသို႕ ပို႔ေဆာင္ခဲ့ရေၾကာင္း ကိုယ္တိုင္ ပို႕ေဆာင္ခဲ့သူ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာသည္။

“ ဘာတိုက္ပြဲမွမျဖစ္ဘူး။ ေက်ာက္ေတာ္ဘက္ကေန စစ္ေၾကာင္း တစ္ခု လာတယ္။ ေတာင္ဦးရြာနားကို ေရာက္ေတာ့ ေသနတ္နဲ႕ ရမ္းသမ္းၿပီး ပစ္ခတ္တယ္။ ေလးငါး ဆယ္ခ်က္ေလာက္ ပစ္ပံုရတယ္။ အဲဒီအထဲက က်ည္ဆံက ေျမၾကီးကို လာေထာက္ျပီး အဲဒီတစ္ဆင့္ က်ည္ဆံက သူမရဲ႕ ဒူးအထက္ ဘယ္ဘက္ေပါင္ကို လာထိတယ္။ ေသနတ္သံၾကားေတာ့ ထြက္ေျပးတဲ့ အခ်ိန္မွာ ထိသြားတာပါ” ဟု ဦးထြန္းသာစိန္က ေျပာၾကားသည္။

ေသနတ္ပစ္ခတ္သံေၾကာင္း တစ္ရြာလံုး ေၾကာက္လန္႔ၿပီး ေရွာင္ပုန္းေနခဲ့ရသည္ဟု သိရသည္။

“ စစ္တပ္က ရြာက လူငယ္ ၄ ဦးကိုလည္း ဖမ္းဆီးပါေသးတယ္။ စစ္ေဆးျပီးတဲ့ ေနာက္ မွာ ျပန္ လြတ္ေပးလိုက္ပါတယ္။ ဘာေၾကာင့္ တပ္ကေန ခုလိုပစ္တယ္ဆိုတာေတာ့ ကၽြန္ေတာ္လည္း မသိဘူးဗ်ာ ” ဟု ဦးထြန္းသာစိန္က ဆက္လက္ ေျပာသည္။

ေဒၚမူတေဘြ၏ ဒဏ္ရာမွာ အသက္အႏၱရာယ္ကို စိုးရိမ္စရာ မရွိေၾကာင္း သိရွိရသည္။
နိရဥၥရာ

#Unicode Version# ျဖင့္ဖတ္ပါ ။

တောင်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်၍ မြောက်ဦးဆေးရုံသို့ပို့ဆောင်ရ

နောင်ခိုင်အောင် (မြောက်ဦး) နိရဉ္စရာ၊ မတ်လ ၁၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာခွဲအချိန်က စစ်တပ်က ပစ်လိုက်သည့် သေနတ်ကျည်ဆံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဘယ်ဘက်ပေါင်ကို ထိမှန်၍ မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူ အမျိုးသမီးမှာ ကိုအောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်မူတဘွေ အသက် (၂၂) နှစ်၊ ကရင်လူမျိုး ဖြစ်ကာ ကိုယ်ဝန် ၆ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရပြီးနောက် တိမ်ညိုဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဆရာဝန်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သဖြင့် မြောက်ဦးဆေးရုံသို့ပို့ဆောင်ရန် ညွန်ကြားကြောင်း၊ သို့အတွက် ယနေ့ ညနေ ၅ နာရီ ခန့်တွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကိုယ်တိုင် ပို့ဆောင်ခဲ့သူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ကျောက်တော်ဘက်ကနေ စစ်ကြောင်း တစ်ခု လာတယ်။ တောင်ဦးရွာနားကို ရောက်တော့ သေနတ်နဲ့ ရမ်းသမ်းပြီး ပစ်ခတ်တယ်။ လေးငါး ဆယ်ချက်လောက် ပစ်ပုံရတယ်။ အဲဒီအထဲက ကျည်ဆံက မြေကြီးကို လာထောက်ပြီး အဲဒီတစ်ဆင့် ကျည်ဆံက သူမရဲ့ ဒူးအထက် ဘယ်ဘက်ပေါင်ကို လာထိတယ်။ သေနတ်သံကြားတော့ ထွက်ပြေးတဲ့ အချိန်မှာ ထိသွားတာပါ” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

သေနတ်ပစ်ခတ်သံကြောင်း တစ်ရွာလုံး ကြောက်လန့်ပြီး ရှောင်ပုန်းနေခဲ့ရသည်ဟု သိရသည်။

“ စစ်တပ်က ရွာက လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးပါသေးတယ်။ စစ်ဆေးပြီးတဲ့ နောက် မှာ ပြန် လွတ်ပေးလိုက်ပါတယ်။ ဘာကြောင့် တပ်ကနေ ခုလိုပစ်တယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျာ ” ဟု ဦးထွန်းသာစိန်က ဆက်လက် ပြောသည်။

ဒေါ်မူတဘွေ၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။
နိရဉ္စရာ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...