Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အဂတိလိုက်စားသူ ၄၆ ဦးကို တရားစွဲခဲ့ကြောင်း ကော်မရှင်ပြော

$
0
0
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကို ၂၀၁၉၊ မတ် ၂၃ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့ရစဉ်/ Photo: ACC Myanmar
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားတယ်လို့ စစ်ဆေးတွေ့ရှိတဲ့ ပုဂ္ဂိုလ် ၄၆ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုနိုင်ခဲ့တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က မတ်လ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောခဲ့တာပါ။

ဆယ်စုနှစ်များစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်မရှိဘဲ နေလာခဲ့ကြရတဲ့အတွက် ဌာနတွင်း ၀န်ထမ်းအချင်းချင်းဖြစ်စေ၊ ဌာနပြင်ပ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် အများပြည်သူနဲ့ပတ်သက်ပြီးဖြစ်စေ ထိတွေ့ဆက်ဆံတဲ့အပြုအမူတချို့ဟာ အဂတိလိုက်စားတဲ့ပြစ်မှု ကျူးလွန်ရာရောက်နိုင်တာကို နားမလည်ကြတဲ့အတွက် တရားစွဲဆိုခံရတာတွေ များကြောင်း တွေ့ရှိရတယ်လို့လည်း ပြောခဲ့ပါတယ်။

အဂတိလိုက်စားမှုစနစ်ကို တိုက်ဖျက်ဖို့အတွက် အစိုးရက ကော်မရှင်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးဟာ အဂတိလိုက်စားမှု ပျံ့နှံ့နေတဲ့ နိုင်ငံအဖြစ် သုံးသပ်အကဲဖြတ်တာတွေ ရှိနေပေမယ့် အစိုးရဌာနတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေထဲမှာ အဂတိလိုက်စားတာကို ဆန့်ကျင်သူတွေရှိကြောင်းလည်း ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောခဲ့ပါတယ်။

ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အပေါ် အသိအမှတ်ပြု ထောက်ခံသူတွေရှိသလို ပိုမိုလွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသင့်တယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>