#Unicode Version#
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရပ်ကွက်ကြီး(၁)ရှိ မဇင်းဆည်အတွင်း မတ်လ (၂၄) ရက် ညနေငါးနာရီခွဲက တက္ကသိုလ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ မဇင်းဆည်ရှိ ရှင်ဦးပဂုတ္တ ကျောင်းဆောင်ရဲ့ အနောက်ဘက် ပေငါးဆယ်ခန့်အနက်ရှိ ရေထဲမှာ လူငယ်တစ်ဦးသေဆုံးနေတာကို တွေ့ရှိခဲ့ပြီး သေဆုံးနေသူမှာ မျိုးကိုကိုအောင် (၂၁)နှစ် ဒုတိယနှစ် သင်္ချာ ပဲခူးတက္ကသိုလ် တက်ရောက်နေသူဖြစ်ပါတယ်။
သေဆုံးသူဟာ သူငယ်ချင်းတွေနဲ့ အတူ ညနေသုံးနာရီခန့်မှာ ဆည်ကို ရောက်ရှိလာပြီး အသင့်ဝယ်ယူ လာတဲ့ ဘီယာသောက်သုံးခဲ့ပြီး ရေဆင်းကူးရာကနေ ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။
အခုလိုသေဆုံးရတာနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးရတာ ဟုတ်/မဟုတ်စစ်ဆေးနိုင်ဖို့အတွက် အမှတ်(၂) နယ်မြေ ရဲစခန်းက အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)One News Myanmar