Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခါးဆစ်ထုံဆေးအကြောင်းသိကောင်းစရာ

$
0
0

ကျန်းမာရေးအရလိုအပ်လို့ခွဲစိတ်ရပြီဆိုရင် မေ့ဆေးသုံးဖို့မလိုရင် ခါးဆစ်ထုံဆေးနဲ့ပဲ ခွဲစိတ်တတ်ကြတယ်။ ကလေးကိုခွဲမွေးတာ သားအိမ်ပိုင်းခွဲစိတ်တာ အူတွေခွဲစိတ်တာ စအိုပိုင်း ခြေထောက်ခွဲစိတ်စတာတွေမှာ သုံးကြတယ်။

ခါးဆစ်ထုံဆေးကို epidual anasthesia လို့ခေါ်ပါတယ်။ ခါးဆစ်ထုံဆေးက ထိုးတော့မယ်ဆိုရင် ခါးကိုကွေးပေးရပါတယ်။ ခါးဆစ်တွေပေါ်အောင်ပါ။ ခါးဆစ်တွေကြားကို လက်မှန်းဆပြီးထိုးရတာပါ။ ပိန်တဲ့သူကတော်ပါသေးတယ် ဝတဲ့သူဆို ခါးကိုကွေးပေးရတာ မသက်မသာပါ။ ထိုးပြီးသွားရင်တော့ ခါးအောက်ပိုင်းကိုရှိတယ်တောင်မထင်ရတော့အောင်ကောင်းတယ်။ ထုံကျင်နေတာလည်းမဟုတ်ဘူး လှုပ်နေလားတောင်မသိဘူး လေးနေသလိုလို ပေါ့နေသလိုလို ခံစားရတတ်တယ်။

တချို့ဗိုက်ကြီးသည်တွေ ရိုးရိုးမွေးမယ်စီစဉ်ထားပြီး ဗိုက်နာမှ အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးရတတ်တယ်။ ကိုယ်ဝန်မီးဖွားခါနီး ဗိုက်နာတဲ့အနာဟာ ရှိသမျှ နာကျင်ခြင်းအားလုံးထက်ပိုပြင်းပါတယ်။ ဗိုက်နာနေတဲ့အချိန် ခါးကွေးရတာဟာ တော်တော် ကို မလွယ်တာပါ။ ဗိုက်ကလည်းရှိတဲ့အပြင်နာနေသေးတယ်။ ဒီကြားထဲ ကွေးပေးရတယ်ဆိုတာ တော်တော်ကြိုးစားပြီးလုပ်ရတာပါ။ ဒီလိုပဲ ဗိုက်အောင့်တဲ့သူတွေ စအိုမှာ အနာတွေ ဖြစ်နေတာတွေမှာ ခါးဆစ်ထုံဆေးထိုးဖို့တော့ တော်တော်အားယူပြီးကွေးရတာပါ။ ထိုးလည်းပြီးရော ရှိသမျှအနာအားလုံးသက်သာသွားလို့ ခွဲခန်းမှာလူနာတစ်ယောက်က ဒီဆေးဒီလောက်ကောင်းတာသူအရမ်းနာနေတုန်းဘာလို့မသုံးပေးလဲဆိုပြီး ပြောတာကြုံခဲ့ဖူးပါတယ်။ ဒါကပုံမှန်သုံးလို့မရဘူးဆိုတာကို သေချာပြန်ရှင်းပေးရတယ်။

ခါးဆစ်ထုံဆေးက ခွဲနေတဲ့တောက်လျှောက်မှာ ဘာနာကျင်မှုမှ မခံစားရတော့ဘူး။ ခွဲနေတာကိုတော့သိနေတယ် မေ့မနေဘူး။ဒါပေမယ့် ခါးဆစ်ထုံဆေးသုံးပြီးသွားရင်တော့ ဂရုစိုက်ရတာတွေရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ခါးဆစ်ထုံဆေးထိုးတုန်းက ခါးအဆစ်တွေကြားထဲကနေ ထုံဆေးကို အာရုံကြောမကြီးတွေကြားထဲ ထိုးရတာပါ။

ထိုးလိုက်တဲ့အခါမှာ CSF လို့ခေါ်တဲ့ ဦးနှောက်နဲ့ခါးဆစ်ရိုးပြန်ရည်တစ်မျိုး ရှိတဲ့အလွှာထဲကိုထိုးရတာကြောင့် ပြန်စိမ့်နိုင်တဲ့အတွက် ခါးဆစ်ထုံဆေးထိုးထားတဲ့လူနာတွေဖြစ်နိုင်ရင် ခွဲစိတ်ပြီး ၂၄ နာရီကြာတဲ့အထိ ပက်လက်နေရပါတယ်။ ခေါင်းအုံးလည်းမအုံးရဘူး။ ခေါင်းလည်းမလှုပ်ရဘူး။ အဲလိုနေရတဲ့အခါတော့ ညောင်းလာတတ်တယ်။ လှုပ်ချင်လာတတ်တယ်။

အိပ်နေရင်းတော့ခြေထောက်တွေ ထုံဆေးစပြယ်လာတာကိုသတိထားမိလိမ့်မယ်။ ထုံဆေးလည်းပြယ်ရော ခြေတွေစပြီးကျင်လာရော တဖြည်းဖြည်းနှစ်ချောင်းလုံးကျင်လာတတ်တယ်။ အဲလိုကျင်လာတဲ့အခါတော့ခြေကို ဖြေးဖြေးချင်းလှုပ်လို့ရပါတယ်။ ခြေထောက်နည်းနည်းမြှောက်တာ ဒူးထောင်ကြည့်တာ လုပ်လို့ရတယ်။ ခေါင်းသာမလှုပ်စေချင်တာပါ။

ဘာကြောင့်လဲဆိုရင် ခါးဆစ်ထုံဆေးရဲ့ဆိုးကျိုးတစ်ခုဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို ကာကွယ်ဖို့ပါ။ ခေါင်းကိုက်တာက ခွဲပြီး သုံးရက်လောက်နေမှလည်းဖြစ်တတ်တယ်။ ဖြစ်ရင် လည်း တော်တော်ခံရတတ် ပုံမှန်အကိုက်အခဲပျောက်ဆေးနဲ့မသက်သာတတ်ဘူး။ နောက်တစ်ခုကတော့ ခါးဆစ်ထုံဆေးထိုးထားတဲ့နေရာကနေ ပြန်ရည်တွေ ပါစိမ့်လာရင် စိမ့်တဲ့နေရာကို ပြန်ပိတ်ဖို့လုပ်ရတတ်တယ်။ နောက်ကြာမှဖြစ်တတ်တာကတော့ခါးဆစ်ထုံဆေးထိုးထားတဲ့နေရာမှာ ခါးနာတတ်ပါတယ်။ တချို့လည်းဖြစ်တယ် တချို့မဖြစ်ပါဘူး။
ဘာပဲဖြစ်ဖြစ်တော့သတိထားမိအောင်ပါ။

Author : Dr. CST


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>