Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ထိချမယ့် ဥပဒေ

$
0
0

သမ္မတလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်
သက်ငယ်မုဒိမ်းမှု ကျုးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက်အနေနဲ့ ချမှတ်မယ့် ပြင်ဆင်ချက်ပါ ဥပဒေကြမ်းကို မတ် ၂၆ ရက်မှာ သမ္မတလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတလက်မှတ်ရေးထိုးပြီး ပြင်ဆင်လိုက်တဲ့ အခုဥပဒေအရ ၁၂ နှစ်အောက်အမျိုးသမီးငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေဟာ သက်ငယ်မုဒိမ်းအဖြစ် အကျုံးဝင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက် ဒါမှမဟုတ် အနှစ် ၂ဝ အထိကျခံရတော့မှာ ဖြစ်ပါတယ်။

အခုပြောင်းလဲလိုက်တဲ့ ဥပဒေကြမ်းအရ ထောင်တသက်ပြစ်ဒဏ်ဆိုတာဟာ တရားခံ သေဆုံးချိန်အထိ ထောင်ဒဏ် ကျခံသွားရမှာဖြစ်တယ်လို့လည်း ဒီဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးအောင်သိန်းက ရှင်းပြပါတယ်။

အရင်က ၁၄ နှစ်အောက် အမျိုးသမီးတွေကို ကျူးလွန်တာကို သက်ငယ်မုဒိမ်းမှု သတ်မှတ်ခဲ့ပြီး သက်ငယ်မုဒိမ်းတရားခံတွေကို ထောင် ၇ နှစ်ထိ ချလေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းပါ ပြောင်းလဲလိုက်တဲ့ ပြစ်ဒဏ်တွေကို ကြိုဆိုပေမယ့် အားနည်းချက်တွေရှိနေ သေးတယ်လို့လည်း အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ ပြည်ကြီးခင်အဖွဲ့ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ မနွယ်ဇင်ဝင်းက ဘီဘီစီကို ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကြောင့် အမျိုးသမီးငယ်တွေ ဒုက္ခကြုံနေရ
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အပိုဒ်ခွဲ ၂မှာ မိမိရဲ့မယားဖြစ်ပြီး အသက် ၁၂ နှစ်အောက်မငယ်တဲ့ အမျိုးသမီးကို မုဒိမ်းမှုကျုးလွန်ရင် ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ် ဆိုတဲ့အချက်ကို သူက ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မုဒိမ်းမှု ကျူးလွန်ပြီး လက်ထပ်ခဲ့ရင် ၂ နှစ်ပဲ ကျခံရမှာကို အမျိုးသမီးအဖွဲ့တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန် ထားတဲ့စာရင်းတွေအရ တနှစ်ထက်တနှစ် သက်ငယ် မုဒိမ်းမှုတွေ ပိုမိုတိုးပွားလာတာကိုတွေ့ရသလို ဒီအပေါ်မှာ ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ဖို့ တောင်းဆို တာတွေလည်း ရှိနေပါတယ်။

ဒါပေမယ့်လည်း သေဒဏ်ပြစ်ဒဏ်ချမှတ်လိုက်မယ်ဆိုရင် သက်သေဖျောက်ဖျက်တဲ့အနေနဲ့ ကျုးလွန်ခံရသူ အမျိုးသမီးငယ်တွေ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းမှာကို စိုးရိမ်တာကြောင့် ထောင်တသက်ပြစ်ဒဏ် ကိုသာ အမြင့်ဆုံးအနေနဲ့ သတ်မှတ်ဖို့ ရေးဆွဲတင်သွင်းခဲ့ရတာဖြစ်တယ်လို့ ဦးအောင်သိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>