Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေမြးရာပါ စာနီအမွတ္ေၾကာင့္ သိမ္ငယ္ခဲ့ရတဲ့အခ်ိန္ေတြ ေျပာလာတဲ့ ေနျခည္ဦး

$
0
0
နေျခည်ဦး

 ႏွာေခါင္းေပၚမွာရွိတဲ့ စာနီအမွတ္နဲ႔ ပတ္သက္ၿပီး သိမ္ငယ္ခဲ့ရတဲ့ အေတြ႔အႀကဳံေတြ ေျပာျပတဲ့
ေနျခည္ဦး

..............
‘’ေနျခည့္ေမြးရာပါ စာနီအမွတ္နဲ႕ပတ္သက္ရင္ ငယ္စဥ္က အရမ္းသိမ္ငယ္ခဲ့ရသူပါ။ေက်ာင္းမွာဆို "ေရေႏြးပူေလာင္တာလား "၊ "အထိုးခံထားရတာလား"၊ "ႏွာေခါင္းႀကီးကနီေနတယ္ ဘာျဖစ္တာလဲ"စသျဖင့္ ကိုယ့္ရဲ႕သိမ္ငယ္မႈကို ႐ိုက္ခ်ိဳးေစတဲ့ ေမးခြန္းေတြ အမ်ားႀကီး ေမးခံရပါတယ္။’’
‘’ေမးေနတဲ့သူရဲ႕ စိတ္ထဲမွာ ဒါတကယ္သူစိတ္ပူၿပီး မသိလို႕ေမးတာလား သိရဲ႕နဲ႕ ကဲ့ရဲ႕ခ်င္လို႕ေမးတာလားကို ခြဲျခားလာႏိုင္တယ္ေလ။ တကယ္မသိလို႕ေမးတဲ့သူေတြဆို ေနျခည္ ေနျခည့္ျဖစ္တည္မႈက္ုေသခ်ာရွင္းျပတယ္။ကဲ့ရဲ႕ခ်င္တဲ့ လူတစ္စုအတြက္ေတာ့ ကိုယ္က ဒီကေန ပိုက္ဆံရေနတယ္ဆိုတာ သူတုိ႕မသိပါလားဆိုၿပီး

ပြင့္ပြင့္လင္းလင္းေျပာရရင္ သနားတတ္လာတယ္။ မ်က္ႏွာဆိုတာ လူတစ္ေယာက္ရဲ႕ first impression ဘဲေလ။ ဒီလိုေနရာမွာ စာနီမွတ္အႀကီးႀကီးပါေနတဲ့ ေနျခည္ေတာင္ ဒါေတြက္ု ေက်ာ္လႊားႏိုင္ရင္ ကိုယ့္ရဲ႕ျဖစ္တည္မႈ uniqueness ကို အေတြးအေခၚဥာဏ္ပညာ နည္းတဲ့ သူေတြရဲ႕ ခပ္ညံ့ညံ့ ကဲ့ရဲ႕မႈေတြ အတြက္ ဘဝမွာ အခ်ိန္လဲမေပးနဲ႕ ေနရာလဲမေပးပါနဲ႕’’
‘’တူညီတဲ့အရာေတြထဲကမွ မတူညီတာ တစ္ခုုက ထူးျခားတဲ့ အလွတရားပါ။ ပံုုမွန္ေတြထဲက ကြဲထြက္ေနတာကမွ ဒါဆြဲေဆာင္မႈ တစ္ခုုပါ။ ဒီအလွက္ို အရင္ဆံုးကိုယ္ကိုယ္တ္ုင္ျမင္ၿပီး #selflove လုပ္တတ္ရမယ္ေနာ္။ ေနာက္တစ္ခါ ကိုယ့္အမာရြတ္နဲ႕ ပတ္သက္ၿပီး ကဲ့ရဲ႕ခံရရင္"ႏွာေခါင္းမွာ စာနီနဲ႕ ေနျခည္ဦးကို သိတယ္မွတ္လား။ ေအးငါလည္း သူ႔လို ကိုယ့္အမာရြတ္ကိုကိုယ္ခ်စ္ၿပီး  အဲ့ဒါနဲ႕ တစ္ေန႔ ပိုက္ဆံရွာမွာ"လို႔ ေခ်ၿပီးျပန္ေျပာလိုက္စမ္းပါ’’

မတ္လ ၃၀ ရက္ေန႔ ေန႔လယ္ ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



#Unicode Version#
နေခြည်ဦးက သူမရဲ့ နှာခေါင်းပေါ်မှာရှိတဲ့ စာနီအမှတ်နဲ့ ပတ်သက်ပြီး သိမ်ငယ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောလာပါတယ်။ သူမလိုပဲ သိမ်ငယ်တတ်တဲ့ ပရိသတ်တွေအတွက် အားပေးစကားပြောခဲ့ပါတယ်။


‘’နေခြည့်မွေးရာပါ စာနီအမှတ်နဲ့ပတ်သက်ရင် ငယ်စဉ်က အရမ်းသိမ်ငယ်ခဲ့ရသူပါ။ကျောင်းမှာဆို "ရေနွေးပူလောင်တာလား "၊ "အထိုးခံထားရတာလား"၊ "နှာခေါင်းကြီးကနီနေတယ် ဘာဖြစ်တာလဲ"စသဖြင့် ကိုယ့်ရဲ့သိမ်ငယ်မှုကို ရိုက်ချိုးစေတဲ့ မေးခွန်းတွေ အများကြီး မေးခံရပါတယ်။’’

‘’မေးနေတဲ့သူရဲ့ စိတ်ထဲမှာ ဒါတကယ်သူစိတ်ပူပြီး မသိလို့မေးတာလား သိရဲ့နဲ့ ကဲ့ရဲ့ချင်လို့မေးတာလားကို ခွဲခြားလာနိုင်တယ်လေ။ တကယ်မသိလို့မေးတဲ့သူတွေဆို နေခြည် နေခြည့်ဖြစ်တည်မှုက်ုသေချာရှင်းပြတယ်။ကဲ့ရဲ့ချင်တဲ့ လူတစ်စုအတွက်တော့ ကိုယ်က ဒီကနေ ပိုက်ဆံရနေတယ်ဆိုတာ သူတို့မသိပါလားဆိုပြီး

ပွင့်ပွင့်လင်းလင်းပြောရရင် သနားတတ်လာတယ်။ မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ first impression ဘဲလေ။ ဒီလိုနေရာမှာ စာနီမှတ်အကြီးကြီးပါနေတဲ့ နေခြည်တောင် ဒါတွေက်ု ကျော်လွှားနိုင်ရင် ကိုယ့်ရဲ့ဖြစ်တည်မှု uniqueness ကို အတွေးအခေါ်ဉာဏ်ပညာ နည်းတဲ့ သူတွေရဲ့ ခပ်ညံ့ညံ့ ကဲ့ရဲ့မှုတွေ အတွက် ဘဝမှာ အချိန်လဲမပေးနဲ့ နေရာလဲမပေးပါနဲ့’’

‘’တူညီတဲ့အရာတွေထဲကမှ မတူညီတာ တစ်ခုက ထူးခြားတဲ့ အလှတရားပါ။ ပုံမှန်တွေထဲက ကွဲထွက်နေတာကမှ ဒါဆွဲဆောင်မှု တစ်ခုပါ။ ဒီအလှကို အရင်ဆုံးကိုယ်ကိုယ်တ်ုင်မြင်ပြီး #selflove လုပ်တတ်ရမယ်နော်။ နောက်တစ်ခါ ကိုယ့်အမာရွတ်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့ခံရရင်"နှာခေါင်းမှာ စာနီနဲ့ နေခြည်ဦးကို သိတယ်မှတ်လား။ အေးငါလည်း သူ့လို ကိုယ့်အမာရွတ်ကိုကိုယ်ချစ်ပြီး  အဲ့ဒါနဲ့ တစ်နေ့ ပိုက်ဆံရှာမှာ"လို့ ချေပြီးပြန်ပြောလိုက်စမ်းပါ’’


Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>