လူတစ်ယောက် လေပူပေါင်းကြီးစီးပြီး
ကောင်းကင်ထဲ ပျံနေရာကနေ
ဘယ်ရောက်နေမှန်း မသိတော့တာနဲ့
လေလျှော့၊ အောက်ကိုဆင်းဖို့လုပ်နေချိန်မှာ
အမျိုးသမီးတစ်ယောက်ကို
လှမ်းတွေ့လိုက်ရသတဲ့။
ဒါနဲ့ …
'အမ၊ အခု ကျနော် ဘယ်နေရာ
ရောက်နေတယ်ဆိုတာ ပြောပြနိုင်မလား။
ကျနော့်မိတ်ဆွေတစ်ယောက်နဲ့
တစ်နာရီအတွင်းတွေ့ဖို့
ကတိပေးထားတာလည်း ရှိနေလို့
ပြောပြပေးပါလား'
'ရှင် အခုရောက်နေတာက
လေပူပေါင်းကြီးပေါ်မှာပါ။
မြေပြင်ကနေ ကိုက် ၂၀ လောက်မြင့်တယ်။
လတ္တီကျု ၄၀/၄၁ ကြား၊
လောင်ဂျီကျု ၅၄/၅၅ ကြားမှာ ရှိနေပါတယ်'
လို့ အမျိုးသမီးက လှမ်းဖြေတယ်။
'အမက အင်ဂျင်နီယာ ဖြစ်ရမယ်'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
'အမ ဖြေပုံက နည်းပညာအားဖြင့်
အမှားအယွင်းမရှိ ကွက်တိပဲ။ ဒါပေမဲ့
ကျနော့်အတွက် ဘာမှ အသုံးမကျဘူး ဖြစ်နေတယ်'
'ရှင်ကလည်း အစိုးရအဖွဲ့ထဲက
ရာထူးကြီးကြီးရထားတဲ့လူ ဖြစ်ရမယ်'
'မှန်ပါတယ်။ ဒါနဲ့ အမက ဘာလို့ ဒီလို ပြောနိုင်ရတာလဲ'
'ဒါက လွယ်ပါတယ်။
တစ်။ ရှင်က ကိုယ်ဘယ်နေရာကို ရောက်နေတယ်၊ ဘယ်ကို ဦးတည်နေတယ်ဆိုတာကို မသိဘူး။ တကယ်က ရှင် ဘယ်မှမရောက်သေးဘူး၊ လေပူပေါင်းကြီးအရှိန်နဲ့သာ အထက်နည်းနည်းမြင့်တဲ့နေရာ
ရောက်နေတာ။
နှစ်။ ဘယ်လိုတည်ရမှန်းမသိတဲ့ ကတိတစ်ခုကို အလွယ်တကူ ပေးခဲ့တယ်။
သုံး။ ရှင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင့်အောက်ကလူတွေ
ဖြေရှင်းပေးလိမ့်မယ်လို့ ရှင်က ယုံကြည်နေတယ်။
တကယ်တော့ ရှင် ဘယ်မှမရောက်သေးဘူး။ ဒီနားမှာပဲ ခြာလပတ် ယမ်းနေတာ'တဲ့။
Kyaw Swar