Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်မှန်သောအပြောင်းအလဲအတွက် NLD ပါတီကို ထောက်ခံမဲပေး ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

$
0
0

 အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆန္ဒရှင်များ အနေဖြင့် “စစ်မှန်သော အပြောင်းအလဲကို ရွေးချယ်ရန်နှင့် NLD ကို ထောက်ခံကြရန် ကြာသပတေးနေ့က ပြောကြားလိုက်သည်။

သမ္မတ၏ အနီးကပ်ဆုံး ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ မဲဆန္ဒနယ် အနီးရှိ ဒီမောဆို တွင် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်ပွဲပြုလုပ်စဉ် ပြောကြား ခဲ့ခြင်းဖြစ် သည်။ ကယားပြည်နယ်အတွင်း လူဦးရေနည်းပါးသည့် ဒီမောဆိုမြို့သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့ခံများက လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ကြသည်။ ဒီမောဆိုမြို့မှာ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန်္ဒနယ်အနီးတွင် တည်ရှိသည်။

NLD အလံများလွှင့်ထူထားသည့် စင်မြင့်ရှေ့တွင် အနီရောင် ၀တ်စုံ များဖြင့် နေရာယူထားသည့် ပရိသတ်များ ကို ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အမှန်တကယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ့် အစိုးရမျိုး ဖွဲ့စည်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ “လာမယ့်ရွေးကောက်ပွဲဟာ စနစ်ကိုပြောင်းလဲဖို့နဲ့ ဒီမိုကရေစီစနစ်ဆီသွားဖို့ အခွင့်အရေးပါ။ ဒီအခွင့်အရေးကို ပြည်သူတွေ လက်လွှတ်မခံသင့်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ဒေါ်အောင် ဆန်းစုကြည်ဟောပြောပွဲသို့ တက်ရောက်လာသည့် လယ်သမား တစ်ဦး ဖြစ်သူ မူလှ က ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြရင်း “သူ့ကိုတွေ့ချင်လို့ လယ်ထဲကနေ စောပြန်လာတာ။ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်တယ်။ NLD ကို မဲပေးမယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမောဆိုမြို့တွင် ဟောပြောရာ၌ “ကျွန်မတို့ ကတိပေးနိုင်တာက နိုင်ငံအတွက် စစ်မှန်တဲ့ပြောင်းလဲမှုနဲ့ ရေရှည်ဖွံ့ဖြိုးမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီတို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်ခရီးစဉ်တွင် ဦးစိုးသိန်း၏ မဲဆန္ဒနယ်ဖြစ်သော လူဦးရေထောင်ဂဏန်းသာရှိသည့် ဘော်လခဲမြို့သို့ သွားရောက်ခဲ့သည်။

ဦးစိုးသိန်းသည် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ထုတ်ပြန်ခဲ့ သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် မပါဝင်ခဲ့ဘဲ ဘော်လခဲ ဆန္ဒနယ် တွင် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ဒီမောဆို မဲဆန်္ဒနယ်မှာ သေးငယ်ပြီး စစ်တပ်နှင့် အစိုးရသတ္တုတွင်း အလုပ်သမားများ သာ အများစုဖြစ်သဖြင့် ဦးစိုးသိန်းက ၀င်ရောက် ယှဉ်ပြိုင် လိုခြင်း ဖြစ်သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>