မပြောမဖြစ်တော့တဲ့ ကျွန်မတို့ရဲ့အခက်အခဲများစွာကြောင့်
ဒီပိုစ့်လေးကိုတင်ပြီး မေတ္တာရပ်ခံပါတယ်။
ဒီစာကိုလည်းဆုံးအောင်ဖတ်စေချင်ပါတယ်။
ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာရှိတဲ့
ကျွန်မတို့နေထိုင် ထိန်းသိမ်းစောင့်ရှောက်နေရတဲ့အိမ်ဟာ အိမ်တစ်လုံးပါ။
အိမ်ကိုတည်ဆောက်ခဲ့တဲ့ အဖိုးဦးစစ်ဟန်ဟာ
စော်ဘွားမဟုတ်သလို အိမ်ဟာလည်း စော်ဘွားဟော်မဟုတ်ပါဘူး
ဒါပေမဲ့ အခုနောက်ပိုင်းမှာ လာလည်ကြတဲ့ဧည့်သည်များလာတာနဲ့အမျှ
အိမ်က ပိုနာမည်ကြီးလာတယ်
fb ပေါ်မှာ ပိုပိုသာသာတွေ ရေးတင်ကြတယ်
comment တွေမျိုးစုံပေးကြတယ် မြို့ခံလူထုကလည်း
ကျွန်မတို့ရဲ့အိမ်ကိုမြို့ရဲ့ဂုဏ်ဆောင်နေရာတစ်ခုအဖြစ်
သတ်မှတ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ပြသကြတယ်
အဲဒီအခါ ကျွန်မတို့နဲ့ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့
ကျွန်မတို့အဖိုးအတွက် အခက်အခဲများစွာရှိလာပါတယ်
တစ်ချို့ကပြောကြမယ်
ကိုယ်ခေါ်လာတဲ့ဧည့်သည်ကတစ်ခါတလေဘဲလို့ထင်မယ်
ဒါပေမဲ့ကျွန်မတို့မှာက နေ့တိုင်းလိုဖြစ်နေပါတယ်
လာတဲ့ ဧည့်သည်တွေမှာလည်း
အိမ်ကိုသေချာစိတ်ဝင်စားလို့
့လေ့လာချင်တဲ့သူတွေပါတယ်
ပုံတင်ရပြီးရောပေါ်ပင်လျှောက်သွားနေကြတဲ့သူတွေပါတယ်
ဘုရားဖူးရင်းကြုံလို့
ဘာရယ်မဟုတ်လူဆယ်နဲ့ချီပြီး
တစ်အိမ်လုံးမွှေနောက်သွားကြတဲ့သူတွေပါတယ်
အိမ်ထဲကပစ္စည်းတွေ
လျှောက်ကိုင်ပြီးဘာတွေ
ရွတ်နေမှန်းမသိရွတ်နေတဲ့သူတွေပါတယ်
မြို့ခံတွေပါလာပြီး အိမ်ထဲအိမ်ပြင်
ဓါတ်ပုံလျှောက်ရိုက်တဲ့သူတွေပါတယ်
မြို့ခံမပါဘဲအိမ်ထဲဇွတ်ဝင်လာပြီး အိမ်ရှင်ကိုပြောစရာမလိုဘူးလို့
သတ်မှတ်ပြီးပြတိုက်လို ဝင်ထွက်သွားလာနေကြတဲ့သူတွေပါတယ်
တစ်ယောက်ထဲလာပြီးဟိုဝင်ကြည့်ဒီဝင်ကြည့်လူတွေပါတယ်။
တစ်ခါတစ်လေ ကိုယ်ချင်းစာမိစေချင်ပါတယ် ငါတို့အိမ်များ
ဒီလိုဝင်ရင်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့
တစ်ချို့ကလည်းတစ်နေ့လုံးမှာ
ကိုယ်တစ်ကြိမ်ထဲဧည့သည်ခေါ်လာတယ်ထင်ကြတယ်
အရှေ့မှာမနက်မိုးလင်းကတည်းကဧည့်သည်တွေဝင်ထွက်နေတာမသိဘူး
တစ်ချို့ကလည်းထင်ကြမယ်
ဘာဖြစ်လို့များလက်မခံချင်ဖြစ်နေကြတာလဲ နာမည်ကြီးတော့ မကောင်းဘူးလား
လာကန်တော့ကြတော့မကောင်းဘူးလားလို့
မကောင်းပါဘူး ၉၄ နှစ်
ခြေတရွတ်ဆွဲပြီးလျှောက်နေရပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်
ကန်တော့စာရမှ အဆင်ပြေမှာ မဟုတ်တဲ့အဖိုးကြီးတစ်ယောက်အတွက်
ကန်တော့ခံရတာ
ဧည့်ခံရတာ ဒီအိမ်ကို
ဘယ်နှစ်ခုနှစ်တုန်းက
ဘယ်လောက်နဲ့
ရွှေဘယ်နှစ်ကျပ်သားနဲ့ ဆိုပြီးမေးတိုင်းဖြေနေရတာ
ဆွဲလွဲဓါတ်ပုံရိုက်ခံပြီး
fb ပေါ်ရောက်ရတာ
ပင်ပန်းလွန်းပါတယ်
အေးအေးချမ်းချမ်း
အနားယူခြင်တဲ့အဖိုးကြီးအတွက် ပြေးလွှားဆော့ကစားချင်တဲ့
ကလေးတွေအတွက်
နေ့တိုင်းအဆင်မပြေပါဘူး
အခုဆိုရင် ကျွန်မတို့အိမ်ရှင်တွေ ထမင်းစားချိန် အဝတ်လျှော်ရေချိုးချိန် စိတ်တထင့်ထင့်နဲ့ အမြဲတမ်းတံခါးပိတ်ထားရပါတယ်
ကိုယ့်တွေငယ်တုန်းကအိမ်ခြံဝင်းထဲမှာပြေးလွှားဆော့ကစားခဲ့ရပေမဲ့
ကျွန်မတို့ကလေးတွေ ဘယ်အချိန် ဘယ်လိုဧည့်သည်မျိုး
ရောက်လာမလဲမသိတဲ့အတွက်
အိမ်ရှေ့ကိုထွက်ခွင့်မရပါဘူး
အမြဲတမ်းတံခါးပိတ်ပြီး
ပုန်းနေရပါတယ်
ဆိုင်ကယ်တွေမဆင်မခြင်
တက်လာအတွက် အဖိုးလည်း
အိမ်ဝင်းထဲလမ်းလျှောက်ဖို့
အခက်အခဲဖြစ်ပါတယ်
ကိုယ့်အတွက် ဘာအကျိုးမှ မရှိဘဲလိုင်းပေါ်လျှောက်တင်ကြတာကိုမလုပ်စေချင်ပါဘူး
မှတ်တမ်းတင် Video ရိုက်ဖို့လာ
ကြတယ် ကျွန်မတို့အိမ်က
ဘာမှတ်တမ်းမှတင်စရာမလိုပါဘူး
အိမ်ပါ
ပိုက်ဆံဝင်ငွေကောင်းခဲ့တုန်းက
ဆောက်ခဲ့လို့ကြီးနေတဲ့
အိမ်တစ်လုံးသက်သက်ပါ
ဟော်နန်းမဟုတ်သလို စော်ဘွားသုံးတဲ့ပစ္စည်းတွေလည်းပြမထားပါဘူး ကိုယ့်စီးပွားကိုယ်ရှာစားနေရတဲ့အတွက် အိမ်ကိုတတ်နိုင်
သလောက်ထိန်းသိမ်းထားနိုင်ရုံကလွဲလို့
လူနေအိမ်ဖြစ်နေတာရယ်
အခကြေးငွေယူပြစားနေတာ
မဟုတ်တာရယ်ကြောင့်
လူမြင်ကောင်းအောင်
ဧည့်သည်လာတိုင်းဧည့်ခံ
နေနိုင်အောင် တစ်ခြံလုံးရှင်းလင်းလှပနေအောင်
(အိမ်ကိုမဖိတ်ခေါ်ဘဲလာပြီး
နာမည်ကြီးလို့လာကြည့်တာ
အိမ်နဲ့လမ်းဘေးချုံတွေနဲ့တောင်
မလိုက်ဘူးလို့ကဲ့ရဲ့ခံခဲ့ဖူးတဲ့
အတွက်) မတတ်နိုင်ပါဘူး
နောက်တစ်ခုက ကျွန်မတို့အိမ်ဟာ ဆိုင်ကယ်လေ့ကျင့်ကွင်း
မဟုတ်ပါဘူး
အသီးအရွက်တွေခွင့်မတောင်းဘဲတက်ခူးစရာနေရာ
ဆေးတက်သုံးတဲ့နေရာ
ရည်းစားချိန်းတဲ့နေရာ
နွားလွတ်တဲ့နေရာလည်း
မဟုတ်ပါဘူး
အိမ်သားတွေအတက်အဆင်းများလို့အခက်အခဲရှိတဲ့အတွက်
သော့မခတ်ဖြစ်ပေမဲ့
ခြံတံခါးကိုပိတ်ထားပါတယ်
ခွင့်မတောင်းဘဲတွန်းမဝင်ဖို့
အရေးကြီးတဲ့ မဖြစ်မနေပို့ရမဲ့
ဧည့်သည်မျိုးကလွဲလို့
ဝင်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ဘူးလို့ မြို့ခံများက
ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်
အခုကျွန်မတင်တဲ့ ပိုစ့်မှာ ကျွန်မတို့အခက်အခဲကိုကိုယ်ချင်းစာတဲ့
ဆွေမကင်းမျိုးမကင်း
အားလုံးနဲ့(ဘာရည်ရွယ်ချက်မှမရှိဘဲ လူများများသိစေချင်ရုံ
သက်သက်)မိတ်ဆွေများတဲ့
ကျွန်မရဲ့ friend တွေကို tag တွဲထားပါတယ်
အဲဒီအတွက်အဆင်မပြေမှုများ
ရှိခဲ့ရင်တောင်းပန်ပါတယ်
ကိုယ်ချင်းစာတရားနဲ့
ကိုယ့်အိမ်ကိုယ်နေပြီး
စိတ်ဒုက္ခများရတဲ့ကျွန်မတို့ကိုနားလည်ပေးပါ
နောက်ဆုံးပြောချင်တာက
ဧည့်သည်တိုင်းကိုအတတ်နိုင်ဆုံး
ရှောင်ပေးပြီး
မလွှဲမရှောင်သာတဲ့ဧည့်သည်မျိုးဆိုရင်လည်း
တလေးတစားခွင့်တောင်းပြီး
ပို့တတ်တဲ့ နားလည်မှုအပြည့်ရှိတဲ့
ကျွန်မတို့ရဲ့အုပ်ချုပ်ရေးမှူး
ကိုတော့ကျေးဇူးတင်ပါတယ်လို့ပါ
Crd: MaySandar