Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အဂၤလန္က ..စာသင္ေက်ာင္းေပါင္း …၃၀၀ ေက်ာ္မွာ ..သတိပ႒ာန္တရားေတာ္ကို ..သင္႐ုိးညႊန္းတမ္း ျပဌာန္းကာ ..သင္ၾကားက်င့္ႀကံေစ…

$
0
0

အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြဟာ ကန္ေက်ာက္တာနဲ႔ ဆဲေရးတုိင္းထြာတာေတြကို ျပဳမႈခ်ိန္မွာ သူတို႔ကိုယ္တိုင္ သူတို႔ေတြ ဘာေတြ ခံစားေနသလဲဆိုတာ နားမလည္ႏိုင္ၾကလို႔ပါပဲ။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို သက္သာေစမယ့္ နည္းလမ္းကို ရွာမေတြ႔လို႔ပါပဲ။

ဒီျပႆနာကို ေျဖရွင္းဖို႔ အဂၤလန္က စာသင္ေက်ာင္းေတြဟာ နည္းလမ္းသစ္နဲ႔ ကိုင္တြယ္ၿပီး စတင္လုပ္ေဆာင္လာပါတယ္။ ဒါကေတာ့ လူငယ္လူရြယ္ ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ဖို႔ စာသင္ခန္းေတြမွာ သတိပ႒ာန္က်င့္စဥ္ကို သင္႐ိုးညႊန္းတမ္း ျပဌာန္းကာ သင္ၾကားက်င့္ႀကံေစမွာပါ။

ႏိုင္ငံအႏွံ႔က စာသင္ေက်ာင္းေပါင္း ၃၇၀ မွာ ကေလးငယ္ေတြအေနနဲ႔ ဘယ္လို တရား႐ႈမွတ္ရမွာ၊ ၾကြက္သားေတြ ဘယ္လို ေျဖေလွ်ာ့ရမွာနဲ႔ အပၸမာဒ႐ႈမွတ္ပြားဖို႔ ၀င္သက္ထြက္သက္ ဘယ္လို မွတ္ရမွာေတြကို သင္ၾကားေပးမွာ ျဖစ္ပါတယ္။


အလယ္တန္းေက်ာင္းသားေတြဟာ ပိုမိုၿပီး သင္ၾကားရမွာျဖစ္ကာ သူတို႔ရဲ႕ ေန႔စဥ္ဘ၀မွာ ဘယ္လို ပိုမို႐ႈမွတ္ပြားရမည္ဆိုတာ သင္ၾကားၾကရမွာပါ။ ဒီအစီအစဥ္ဟာ ၂၀၂၁ ခုႏွစ္အထိ ၿဗိတိန္အစိုးရ ေဆာင္ရြက္မယ့္ စိတ္က်န္းမာေရး သုေတသနေအာက္ကေန လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။

လူငယ္လူရြယ္ ကေလးဦးေရ မ်ားျပားလာတာနဲ႔ အမွ် စိတ္ဓာတ္က်ဆင္းမႈနဲ႔ စိတ္ပူပန္ေသာကမ်ားမႈ ကနဦး လကၡဏာေတြလည္္း မ်ားျပားလာပါတယ္။ ၿဗိတိန္ ကေလး ရွစ္ဦးမွာ တစ္္ဦးႏႈန္းဟာ စိတ္က်န္းမာေရးျပႆနာ ရွိေနေၾကာင္း NHS က ထုတ္ျပန္ထားပါတယ္။ ဒီလို ရိွေနေပမယ့္ စိတ္က်န္းမာေရးျပႆနာရွိတဲ့ ကေလး ငါးဦးႏႈန္းမွာ တစ္ဦးႏႈန္းေလာက္ပဲ ကုသမႈ ခံယူရရွိေနတာ ျဖစ္ပါတယ္။

စာသင္ေက်ာင္းေတြမွာ သတိပ႒ာန္က်င့္စဥ္ကို သင္႐ိုးညႊန္းတမ္း ျပဌာန္းတာဟာ အဂၤလန္တစ္ႏုိင္ငံတည္း မဟုတ္ပါဘူး။ ၂၀၁၆ ခုႏွစ္မွာ ဘယ္တီမိုးက စာသင္ေက်ာင္းတစ္ေက်ာင္းဟာ ျပစ္ဒဏ္ေပးတဲ့ေနရာ ကေလးေတြကို အသက္႐ႈမွတ္ပုံနဲ႔ အေၾကာေျဖေလ်ာ့မႈေတြကို သင္ၾကားေပးၿပီး အစားထိုးခဲ့ပါတယ္။ ဒီအတြက္ စာသင္ခန္းေတြမွာ ပိုၿပီး အာ႐ုံစိုက္္ႏိုင္မႈ တိုုးပြားလာတာကို ျမင္ေတြ႔ရပါတယ္။



“ကၽြန္ေတာ္ အသက္႐ႈမွတ္ရတာ လုပ္ရတယ္။ ကၽြန္ေတာ္ကို မုန္႔႔လည္း ေကၽြးပါတယ္။ အဲေနာက္ေတာ့ ကၽြန္ေတာ္ဟာ ကၽြန္ေတာ့္ စာသင္ခန္းက အတန္းေဖာ္ေတြကို ေတာင္းပန္ခဲ့တယ္။”လို႔ ျပစ္ဒဏ္ေပးခံရမယ့္အစား အသက္႐ႈ ႐ႈမွတ္တာ လုပ္ခဲ့ရတဲ့ ေက်ာင္းသားေလးတစ္္ဦးက ေျပာပါတယ္။

အဲဒီ စာသင္္ေက်ာင္းအေနနဲ႔ ေက်ာင္းသားေက်ာင္းသူေတြကို အတန္းေဖာ္ေတြေရွ႕မွာ အျပစ္ေပးၿပီး အရွက္ရေစတာထက္ ခုလို ႐ႈမွတ္ပြားေစတာဟာ စိတ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစတယ္လို႔ ယုံၾကည္ထားပါတယ္။

Rf; True Activist
Writer_ေမာင္သံဆင့္ ( Daily Hot News )

Unicode Version
အချိန်တော်တော်များများမှာ ကလေးတွေဟာ ကန်ကျောက်တာနဲ့ ဆဲရေးတိုင်းထွာတာတွေကို ပြုမှုချိန်မှာ သူတို့ကိုယ်တိုင် သူတို့တွေ ဘာတွေ ခံစားနေသလဲဆိုတာ နားမလည်နိုင်ကြလို့ပါပဲ။ သူတို့ရဲ့ စိတ်ခံစားချက်ကို သက်သာစေမယ့် နည်းလမ်းကို ရှာမတွေ့လို့ပါပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့ အင်္ဂလန်က စာသင်ကျောင်းတွေဟာ နည်းလမ်းသစ်နဲ့ ကိုင်တွယ်ပြီး စတင်လုပ်ဆောင်လာပါတယ်။ ဒါကတော့ လူငယ်လူရွယ် ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်ဖို့ စာသင်ခန်းတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို သင်ရိုးညွှန်းတမ်း ပြဌာန်းကာ သင်ကြားကျင့်ကြံစေမှာပါ။



နိုင်ငံအနှံ့က စာသင်ကျောင်းပေါင်း ၃၇၀ မှာ ကလေးငယ်တွေအနေနဲ့ ဘယ်လို တရားရှုမှတ်ရမှာ၊ ကြွက်သားတွေ ဘယ်လို ဖြေလျှော့ရမှာနဲ့ အပ္ပမာဒရှုမှတ်ပွားဖို့ ဝင်သက်ထွက်သက် ဘယ်လို မှတ်ရမှာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။



အလယ်တန်းကျောင်းသားတွေဟာ ပိုမိုပြီး သင်ကြားရမှာဖြစ်ကာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို ပိုမိုရှုမှတ်ပွားရမည်ဆိုတာ သင်ကြားကြရမှာပါ။ ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ်အထိ ဗြိတိန်အစိုးရ ဆောင်ရွက်မယ့် စိတ်ကျန်းမာရေး သုတေသနအောက်ကနေ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

လူငယ်လူရွယ် ကလေးဦးရေ များပြားလာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းမှုနဲ့ စိတ်ပူပန်သောကများမှု ကနဦး လက္ခဏာတွေလည်း များပြားလာပါတယ်။ ဗြိတိန် ကလေး ရှစ်ဦးမှာ တစ်ဦးနှုန်းဟာ စိတ်ကျန်းမာရေးပြဿနာ ရှိနေကြောင်း NHS က ထုတ်ပြန်ထားပါတယ်။ ဒီလို ရှိနေပေမယ့် စိတ်ကျန်းမာရေးပြဿနာရှိတဲ့ ကလေး ငါးဦးနှုန်းမှာ တစ်ဦးနှုန်းလောက်ပဲ ကုသမှု ခံယူရရှိနေတာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို သင်ရိုးညွှန်းတမ်း ပြဌာန်းတာဟာ အင်္ဂလန်တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ ဘယ်တီမိုးက စာသင်ကျောင်းတစ်ကျောင်းဟာ ပြစ်ဒဏ်ပေးတဲ့နေရာ ကလေးတွေကို အသက်ရှုမှတ်ပုံနဲ့ အကြောဖြေလျော့မှုတွေကို သင်ကြားပေးပြီး အစားထိုးခဲ့ပါတယ်။ ဒီအတွက် စာသင်ခန်းတွေမှာ ပိုပြီး အာရုံစိုက်နိုင်မှု တိုးပွားလာတာကို မြင်တွေ့ရပါတယ်။



“ကျွန်တော် အသက်ရှုမှတ်ရတာ လုပ်ရတယ်။ ကျွန်တော်ကို မုန့့်လည်း ကျွေးပါတယ်။ အဲနောက်တော့ ကျွန်တော်ဟာ ကျွန်တော့် စာသင်ခန်းက အတန်းဖော်တွေကို တောင်းပန်ခဲ့တယ်။”လို့ ပြစ်ဒဏ်ပေးခံရမယ့်အစား အသက်ရှု ရှုမှတ်တာ လုပ်ခဲ့ရတဲ့ ကျောင်းသားလေးတစ်ဦးက ပြောပါတယ်။

အဲဒီ စာသင်ကျောင်းအနေနဲ့ ကျောင်းသားကျောင်းသူတွေကို အတန်းဖော်တွေရှေ့မှာ အပြစ်ပေးပြီး အရှက်ရစေတာထက် ခုလို ရှုမှတ်ပွားစေတာဟာ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့ ယုံကြည်ထားပါတယ်။

Rf; True Activist
Writer_မောင်သံဆင့် ( Daily Hot News )

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>