Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအား သြစတြေးလျက ပထမဆုံးအကြိမ်အဖြစ် လေကြောင်းမှ တိုက်ခိုက်

$
0
0
Australian Air Force completes first anti-ISIS mission in Syria

ဆစ်ဒနီ ၊ ၁၄-၉-၂၀၁၅

သြစတြေးလျ နိုင်ငံသည် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအား တိုက်ခိုက်မှု ပြုလုပ်နေခြင်းကို သက်တမ်းတိုးမြှင့် ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ လေတပ်သည် အဆိုပါ စစ်သွေးကြွ တိုက်ဖျက်ရေး ဆိုင်ရာ စစ်ဆင်ရေး ကို စက်တင်ဘာ ၁၂ ရက်က ညလုံးပေါက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့ အလယ်ပိုင်း ရှိ ၄င်းတို့၏ အခြေစိုက် စခန်းသို့ အထိအခိုက် မရှိ ပြန်လည် ရောက်ရှိ လာခဲ့ကြောင်း ယင်းနိုင်ငံစစ်ဘက် က ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေး၌ သြစတြေးလျ လေတပ်မှ F/A 18 A Hornets အမျိုးအစား လေယာဉ်၊ E 7A အမျိုးအစား ကြိုတင် သတိပေးရေး လေယာဉ်နှင့် KC-30 ဝေဟင် ဆီဖြည့်  လေယာဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံသည် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ နှိမ်နင်းရေး ဆိုင်ရာ စစ်ဆင်ရေးတွင် ပါဝင်လျက် ရှိသော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက အတည်ပြု ခဲ့သည့် ဆုံးဖြတ်ချက် အရ ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကိုပါ တိုက်ခိုက် သွားမည် ဖြစ်သည်။

မိမိတို့ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ISIS စစ်သွေးကြွ များကို ချေမှုန်းနိုင်ခြင်း မရှိပါက အီရတ်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကို ချေမှုန်းသွား နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ တိုက်ခိုက်မှု များကို ဆီးရီးယားနိုင်ငံ အတွင်းသို့ ချဲ့ထွင်ရခြင်း ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန် ထားသည့် အစီရင်ခံစာ တွင် ဖော်ပြ ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


နီဇူလိုင်-ကျောင်းသားသမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောတကြီး တည်ဆောက်ချင်နေရတာလဲ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>