Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားပေါ်၌ အငှားယာဉ်နှင့်ခရီးသည်တင်ယာဉ်တိုက်မိ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

$
0
0

 ရန်ကုန် စက်တင်ဘာ ၁၃

 မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားပေါ်၌ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် နံနက် ၅ နာရီခန့် က မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းအတိုင်း (အရှေ့မှအနောက်သို့)မောင်းနှင်လာသော စူပါရုဗ်အငှား ယာဉ်အမှတ်5D/- သည် ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားပေါ်သို့အရောက် လှိုင်သာယာမှ သမိုင်းလမ်း ဆုံဘက်(အနောက်မှအရှေ့)သို့ မောင်းနှင်လာသော (၄၃) အဖြူရောင်ခရီးသည်တင်ယာဉ် အမှတ် 5A/------ နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

''တိုက်တာအရှိန်ပြင်းတယ်။ အငှားယာဉ်တောင် တစ်ဖက်ယာဉ်ကြောရောက်သွားပြီး တံတားပေါင်ပေါ်မှာ တစ်ဝက်တင်နေတယ်။ တံတားအောက်မကျသွားတာ တော်သေးတယ်။ ခေါင်းခန်းက လိုက်လာတဲ့ ခရီးသည် အမျိုးသမီးကိုတော့ ကားထဲကဆွဲထုတ်ပြီး ဆေးရုံသွားပို့တာ တွေ့ရတယ်''ဟု အဆိုပါ ဖြစ်ပွားမှုအနီးရှိ ကိုဇော်မင်းက ပြောသည်။

ဖြစ်ပွားမှုကြောင့် ယာဉ်နှစ်စီးလုံး ဦးခေါင်းပိုင်း ပျက်စီးသွားပြီး အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။ ခရီးသည်တင် ယာဉ်မောင်း (စုံစမ်းဆဲ)မှာ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် သက်ဆိုင်ရာမှ ဥပဒေအရအမှုဖွင့်လှစ်၍ ဆက်လက် စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

ဇော်ကြီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>