Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD လောဘကြီးဟု ဒေါက်တာ အေးမောင်ဝေဖန်

$
0
0
ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ လာရောက် မဲဆွယ်ရန် စီစဉ်ခြင်းသည် NLD ပါတီ
 လောဘကြီးခြင်းသာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဝေဖန်လိုက်သည်။ “လာခြင်းအားဖြင့်လည်း မထူးပါဘူး။ ကျွန်တော်တို့ကလည်း ထိန်းချုပ်ထားပြီးပြီ။ ရခိုင် အမျိုးသားရေး စိတ်ဓာတ်က ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်မှ ကိုယ်ဥပဒေ ကိုယ်ပြဋ္ဌာန်းနိုင်မှာ ဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်မာသွားပြီ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။ ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်
သွားသင့်သော အချိန်အခါ၊ အခြေအနေ၊ သွားခြင်းဖြင့် ထိခိုက်နိုင်မှုကို မဟာဗျူဟာအရ ချိန်ဆနိုင်ရန် အရေးကြီးကြောင်း ဒေါက်တာ အေးမောင်က သုံးသပ်သည်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်းကို ရခိုင်အမျိုးသားပါတီသည် ကန့်ကွက်မည် မဟုတ်ကြောင်း၊ NLD သည် ပြည်ထောင်စုပါတီ ဆိုသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ချင်ကြောင်း၊ တိုင်းရင်းသားများသည် လွတ်လပ်ရေး အလွန်ကို ပြန်ကြည့်ပါက ပြည်မပါတီများ၏ လွှမ်းမိုးမှုကို ခံခဲ့ရကြောင်း ၎င်းက သုံးသပ်သည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်လည်း သွားတယ်။ ရှမ်းပါတီတွေ ရှိတာပဲ။ ကယားသွားလည်း ကယားပါတီတွေ ရှိတာပဲ။ ရခိုင်မှာပဲ ရခိုင်ပါတီတွေ ရှိမယ်၊ မထူးဆန်းဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လျှောက်ပြောရင်လည်း အလကားပဲ။ NLD အောင်နိုင်ဖို့ မဲဆွယ်ဖို့သွားတာပါ”ဟု NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ ဒီပဲရင်း အရေးအခင်း မဖြစ်မီ တစ်ခေါက် သွားရောက်ဖူးပြီး၊ နှစ်အတန်ကြာမှ ယခုကဲ့သို့ သွားရောက်ရန် စီစဉ်ခြင်း ဖြစ်သည်။ အောင်တိုဘာလ ဒုတိယ သီတင်းပတ်တွင် ရခိုင်သို့သွားမည် ဖြစ်သည်။
messenger news journal

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>