Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆယ္တန္းေအာင္ျမင္ၿပီးသူမ်ား… ဂ်ာမနီ နဲ႔ ပူေပါင္းဖြင့္လွစ္တဲ့ …အင္းစိန္ GTI ေက်ာင္းကို… ေလွ်ာက္ထားႏုိင္

$
0
0

လာ မယ့္ ဒီဇင္ဘာ ၁ ရက္ေန႔ ေက်ာင္းဖြင့္ခ်ိန္ကစၿပီး အင္းစိန္ဂ်ီတီအိုင္ (GTI) ေက်ာင္းကို ျပန္လည္ဖြင့္လွစ္ဖို႔လ်ာထားၿပီး တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူေတြ ေလွ်ာက္ထားႏုိင္မယ္လို႔ သိရပါတယ္။

ျမန္ မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာန နည္းပညာသက္ေမြးပညာနဲ႔ေလ့က်င့္ေရးဦးစီးဌာနနဲ႔ ဂ်ာမနီႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈ မိတ္ဖက္အဖြဲ႕အစည္းျဖစ္တဲ့(GIZ) အဖြဲ႕အစည္းတို႔ ပူးေပါင္းၿပီးျပန္လည္ဖြင့္လွစ္တာလည္း ျဖစ္ပါတယ္။

သက္ေမြးပညာသင္တန္းျဖစ္တဲ့အတြက္ ဝင္ခြင့္လမ္းညႊန္ထဲမွာ မပါဘဲ သီးသန္႔ဝင္ခြင့္ ေခၚယူမွာျဖစ္တယ္လို႔ နည္းပညာနဲ႔ သက္ေမြးပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအးျမင့္က ေျပာထားေၾကာင္း Kumudra ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။

အင္း စိန္ ဂ်ီတီအိုင္ေက်ာင္းမွာ ၿမိဳ႕ျပအင္ဂ်င္နီယာသင္တန္း၊ စက္မႈအင္ဂ်င္နီယာသင္တန္း၊ အီလက္ထရြန္းနစ္အင္ဂ်င္နီယာသင္တန္း၊ လွ်စ္စစ္အင္ဂ်င္နီယာသင္တန္းနဲ႔ သတင္းအခ်က္အလက္နည္းပညာသင္တန္း စတဲ့ သင္တန္းငါးခုကို ဖြင့္လွစ္သင္ၾကားေပးမွာ ျဖစ္ပါတယ္။

ေက်ာင္း ကို သိပၺံတြဲနဲ႔ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူေတြ ေလွ်ာက္ထားခြင့္ျပဳမွာျဖစ္ၿပီး ေရးေျဖ၊ ႏႈတ္ေျဖစာေမးပြဲေတြ ေျဖဆိုရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားတဲ့ လူဦးေရေပၚမူတည္ကာ ပထမဆံုးအႀကိမ္မွာ လူဦးေရ ၂၀ဝ ခန္႔လက္ခံသင္ၾကားေပးဖို႔မွန္းထားတယ္လို႔လည္း သိရပါတယ္။

ျမန္ မာ တစ္ႏိုင္ငံလံုးအတိုင္းအတာအရ ဘယ္ေဒသကမဆို ေလွ်ာက္ထားခြင့္ျပဳမွာျဖစ္ၿပီး သံုးႏွစ္ၾကာတက္ေရာက္ရမွာ ျဖစ္ပါတယ္။ အဆုိပါသင္တန္းေတြမွာသင္ၾကားေပးမယ့္ သင္႐ိုးညႊန္းတမ္းေတြအတြက္ ဂ်ာမနီႏိုင္ငံက မိတ္ဖက္အဖြဲ႕အစည္းနဲ႔ညႇိႏိႈင္းေရးဆြဲထားၿပီး ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ဂ်ီတီအိုင္ေက်ာင္းေတြရဲ႕သင္႐ိုးနဲ႔အတူတူ ေရးဆြဲထားတယ္လို႔လည္း သိရပါတယ္။
Duwun

Unicode Version
လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ ကျောင်းဖွင့်ချိန်ကစပြီး အင်းစိန်ဂျီတီအိုင် (GTI) ကျောင်းကို ပြန်လည်ဖွင့်လှစ်ဖို့လျာထားပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နည်းပညာသက်မွေးပညာနဲ့လေ့ကျင့်ရေးဦးစီးဌာနနဲ့ ဂျာမနီနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့(GIZ) အဖွဲ့အစည်းတို့ ပူးပေါင်းပြီးပြန်လည်ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

သက်မွေးပညာသင်တန်းဖြစ်တဲ့အတွက် ဝင်ခွင့်လမ်းညွှန်ထဲမှာ မပါဘဲ သီးသန့်ဝင်ခွင့် ခေါ်ယူမှာဖြစ်တယ်လို့ နည်းပညာနဲ့ သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။



အင်းစိန် ဂျီတီအိုင်ကျောင်းမှာ မြို့ပြအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာသင်တန်း၊ လျှစ်စစ်အင်ဂျင်နီယာသင်တန်းနဲ့ သတင်းအချက်အလက်နည်းပညာသင်တန်း စတဲ့ သင်တန်းငါးခုကို ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကျောင်းကို သိပ္ဗံတွဲနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ လျှောက်ထားခွင့်ပြုမှာဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့ လူဦးရေပေါ်မူတည်ကာ ပထမဆုံးအကြိမ်မှာ လူဦးရေ ၂၀ဝ ခန့်လက်ခံသင်ကြားပေးဖို့မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ဘယ်ဒေသကမဆို လျှောက်ထားခွင့်ပြုမှာဖြစ်ပြီး သုံးနှစ်ကြာတက်ရောက်ရမှာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းတွေမှာသင်ကြားပေးမယ့် သင်ရိုးညွှန်းတမ်းတွေအတွက် ဂျာမနီနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းနဲ့ညှိနှိုင်းရေးဆွဲထားပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဂျီတီအိုင်ကျောင်းတွေရဲ့သင်ရိုးနဲ့အတူတူ ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။
Duwun

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>