” သမီး ေလာကထဲတြင္ဆက္ရွိိေနပါက ေဖႀကီးႏွင့္ေမႀကီး ပိုက္ဆံပိုကုန္မည္” ဟု စာေရးခဲ့ကာ ၉ တန္းေက်ာင္းသူ ႀကိဳးဆြဲခ်သတ္ေသ
ေတာင္ငူ၊ ဇြန္ ၁၈(သတင္းတမန္)
” သမီး ေလာကထဲတြင္ ဆက္ရွိိေနပါက ေဖႀကီးႏွင့္ေမႀကီး ပိုက္ဆံပိုကုန္မည္” ဟု စာေရးခဲ့ကာ ၉ တန္းေက်ာင္းသူတစ္ဦး ကိုယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲခ်သတ္ေသမႈ ယေန႔ မနက္ပိုင္းက ေတာင္ငူၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕ (၂) ရပ္ကြက္၊ ကြင္းေခ်ာင္းလမ္းသြယ္ (၃) လမ္းေန အသက္ ၁၅ ႏွစ္အရြယ္ မေဟမာန္ေက်ာ္ ကိုးတန္းေက်ာင္းသူသည္ ယေန႔ မနက္ ၇ နာရီ၀န္းက်င္က ေနအိမ္အေပၚထပ္ အိပ္ခန္းအတြင္း ထုပ္တန္းတြင္ အရွည္ ၅ေပခန္႔ရွိသည့္ ခ်ည္သဘက္ႏွင့္ ႀကိဳးဆြဲခ် ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ေရာက္သြားေတာ့ ခေလးမေလးက ၾကမ္းျပင္ေပၚ ခ်ထားပီ၊ သူမိဘေတြက အသက္မွီလိုမွီျငား သိသိျခင္း ေအာက္ကို ခ်လိုက္တာလို႔ ေျပာတယ္၊ အရင္ေရာက္ေနတဲ့ အိမ္နီးနားခ်င္းေတြကေတာ့ ခေလးမေလး ႀကိဳးဆြဲခ်တဲ့နားမွာ စာေလးေတြ ေရးထားခဲ့တာ ေတြ႔တယ္လို႔ ေျပာတယ္၊
စာထဲမွာေတာ့ ဒီေလာကႀကီးထဲမွာ မေနခ်င္ေတာ့ဘူး၊သမီး႐ွိေနရင္ အေဖနဲ႔အေမလည္း ပိုက္ဆံကုန္မယ္ ဆိုတဲ့စာသားအပါအဝင္ စာေရးထားခဲ့တာ ေတြ႔ရတယ္” ဟု (၂) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးေဇာ္မင္းဦးက ေျပာသည္။
ႀကိဳးဆြဲခ် ေသဆုံးမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေတာင္ငူအမွတ္(၂) နယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္(၇/၂၀၁၉)ျဖင့္ ဖြင့္လွစ္ထားၿပီး ဓမၼာတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆး ေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။
မင္းထက္ေက်ာ္(ေတာင္ငူ) (သတင္းတမန္)
unicode
” သမီး လောကထဲတွင်ဆက်ရှိိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ
တောင်ငူ၊ ဇွန် ၁၈(သတင်းတမန်)
” သမီး လောကထဲတွင် ဆက်ရှိိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၂) ရပ်ကွက်၊ ကွင်းချောင်းလမ်းသွယ် (၃) လမ်းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည် ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရောက်သွားတော့ ခလေးမလေးက ကြမ်းပြင်ပေါ် ချထားပီ၊ သူမိဘတွေက အသက်မှီလိုမှီငြား သိသိခြင်း အောက်ကို ချလိုက်တာလို့ ပြောတယ်၊ အရင်ရောက်နေတဲ့ အိမ်နီးနားချင်းတွေကတော့ ခလေးမလေး ကြိုးဆွဲချတဲ့နားမှာ စာလေးတွေ ရေးထားခဲ့တာ တွေ့တယ်လို့ ပြောတယ်၊
စာထဲမှာတော့ ဒီလောကကြီးထဲမှာ မနေချင်တော့ဘူး၊သမီးရှိနေရင် အဖေနဲ့အမေလည်း ပိုက်ဆံကုန်မယ် ဆိုတဲ့စာသားအပါအဝင် စာရေးထားခဲ့တာ တွေ့ရတယ်” ဟု (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းဦးက ပြောသည်။
ကြိုးဆွဲချ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၉)ဖြင့် ဖွင့်လှစ်ထားပြီး ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မင်းထက်ကျော်(တောင်ငူ) (သတင်းတမန်)