Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
H1N1 ကူးစက်မြန်..ပြင်းထန် တုပ်ကွေး အဆုတ်ရောင်ရောဂါ… ဘယ်လိုကာကွယ်မလဲ
$
0
0
* အဖျားတက်ခြင်း
* ချောင်းဆိုးခြင်း
* ခေါင်းကိုက်ခြင်း
* အသက်ရှုကြပ်ခြင်း
Unicode Version
လေမှ တစ်ဆင့် ကူစက်သော ကူးစက်မြန် ပြင်းထန် အဆုတ်ရောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိုး တွေ့နေပြီလို့သိရပါတယ်။ အထူးသတိပြုဖို့လို့ လိုအပ်ပါတယ်။
H1N1 Flu ရောဂါ လက္ခဏာများ
* အဖျားတက်ခြင်း
* ချောင်းဆိုးခြင်း
* နှာရည်ယို နှာစေးခြင်း
* ခေါင်းကိုက်ခြင်း
* ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း
* အသက်ရှုကြပ်ခြင်း
* မောပန်း နွမ်းနယ်ခြင်း
* ပြင်းထန်ပါက သတိလစ်မေ့မြောခြင်းတွေ အထိ ဖြစ်တတ်ပါတယ်။
ဒီဝက်တုတ်ကွေးရောဂါ ကူးစက်ခံနေရပြီဟု သံသယရှိလျှင် ဓာတ်မှန်ရိုက်ခြင်း ၊ သွေးစစ်ခြင်း ၊ နှာခေါင်းနှင့် အာခေါင်တို့မှ အချွဲယူ၍ စစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။
သာမန် တုတ်ကွေး အဖျားရောဂါနဲ့ တူသယောင်ရှိပြီး ပေါ့ဆစွာ နေခဲ့ပါက Shock ရပြီး အသက်အန္တရာယ် ထိခိုက် နိုင်ပါတယ်။
အဆိုပါ ရောဂါ အတွက် ကုသနည်းထက် ကာကွယ်နည်းများက ပိုမို ထိရောက်ပါတယ်။
Swine flu ဆွိုင်းဖလူး ခေါ် H1N1 တုပ်ကွေး ကာကွယ်ရေး
၁။ Stay home if you’re sick နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။
၂။ Wash your hands thoroughly and frequently လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။ ဖြစ်နိုင်ရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာဆေးရည်သုံးပါ။
၃။ Contain your coughs and sneezes နှာချေ ချောင်းဆိုးတာ ထိန်းပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။
၄။ Avoid contact ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။
၅။ Reduce exposure within your household ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။
၆။ Flu vaccination ကာကွယ်ဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။ နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။ ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။
ဝက်တုတ်ကွေးခေါ် Swine Flu ( H1N1 ) ဟာ ၁၉၁၈ ခုနှစ်ခန့်က မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ရိုးရိုးတုတ်ကွေး Flu virus ကနေ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး အမျိုးအစားများစွာ ရှိပါတယ်။ ကပ်ရောဂါ သဖွယ် ရာစုနှစ်အလိုက် ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာအပြင်းအထန် ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု ၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
credit…
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>