Quantcast
Channel: MP4 YoU
Viewing all articles
မွေးနေ့ဆုတောင်းပေးတဲ့သူတိုင်းရဲ့ မေတ္တာတွေကို အနည်းလေးမှမကျန် ခံစားရတယ်လို့ ပြောလိုက်တဲ့ အမေစု
$
0
0
ကျေးဇူးတင်လွှာ
Unicode Version
ကျေးဇူးတင်လွှာ
မွေးနေ့ဆုမွန်ကောင်း ပို့သပေးကြကုန်သော နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူပြည်သားများ၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူပြည်သားများ၊ မိတ်ဆွေများအားလုံးအား ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။
ပြည်သူပြည်သားမာျး အားလုံးနှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ လိုအပ်ဆန္ဒအပေါင်း ပြည့်ဝနိုင်ကြပါစေ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မေတ္တာစွမ်းအား၊ စုပေါင်းအားတို့ဖြင့် ငြိမ်းချမ်းသာယာနိုင်ပါစေ။ ပြည်သူ အားလုံးမျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
ကျွန်မကိုမွေးနေ့ဆုတောင်းတွေ ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ ပို့သတာတွေကို ကျွန်မသိမှသိပါလေစလို့ စဉ်းစားတာ ရှိပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။
ဒါပေမယ့် ပို့သတဲ့မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ ဆုတိုင်းထိရောက်ပါတယ်။
ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။
များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)
Viewing all articles
Browse latest Browse all 13796
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>